၁၂။ အဖွဲ့သည် ရေးဖြေစာမေးပွဲတွင် ဖြေဆိုရမည့် ပုံစံ၊ ဘာသာရပ်နှင့်ဖြေဆိုရမည့်အချိန်တို့ကို သတ်မှတ်ပေးရမည်။ ထိုသို့သတ်မှတ်ခြင်းကို သက်ဆိုင်ရာ ရာထူးအတွက် လျှောက်လွှာခေါ်ယူသည့် အဖွဲ့၏ကြော်ငြာတွင် သီးခြားဖော်ပြရမည်။
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ
ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)
၁၂။ အဖွဲ့သည် ရေးဖြေစာမေးပွဲတွင် ဖြေဆိုရမည့် ပုံစံ၊ ဘာသာရပ်နှင့်ဖြေဆိုရမည့်အချိန်တို့ကို သတ်မှတ်ပေးရမည်။ ထိုသို့သတ်မှတ်ခြင်းကို သက်ဆိုင်ရာ ရာထူးအတွက် လျှောက်လွှာခေါ်ယူသည့် အဖွဲ့၏ကြော်ငြာတွင် သီးခြားဖော်ပြရမည်။
၁၃။ အဖွဲ့သည် ရေးဖြေစာမေးပွဲတွင် အောင်မြင်သူများအနက်မှ ရမှတ်အများအနည်းပေါ် မူတည်၍ အရည်အချင်း ပြည့်မီသူများကိုသာ စိတ်အခြေအနေစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်း များအတွက် ကြေညာချက်ထုတ်ပြန်ကာ အကြောင်းကြားခေါ်ယူ၍ စစ်ဆေးရွေးချယ်ရမည်။
၁၄။ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း၏ လုပ်ငန်းသဘာဝအရ သီးခြားအရည်အချင်း သတ်မှတ်ချက် နှင့်ကိုက်ညီရန် လိုအပ်သည့်အခြေအနေမျိုးတွင် အဖွဲ့က စစ်ဆေးသော ရေးဖြေစာမေးပွဲ၌ အရည်အချင်း ပြည့်မီသူများကို လိုအပ်သည့် သီးခြားအရည်အချင်းနှင့်ပြည့်စုံခြင်းရှိ မရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းက ဦးစွာစစ်ဆေးရမည်။ ယင်းသို့စစ်ဆေး၍ သီးခြားအရည်အချင်းနှင့် ပြည့်စုံသူများကိုသာ အဖွဲ့က စိတ်အခြေအနေစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းများ ပြုလုပ်၍ ရွေးချယ်ရမည်။
၁၅။ သက်ဆိုင်ရာ ရာထူးအတွက် လျှောက်ထားသူဦးရေသည် လစ်လပ်ရာထူးအရေအတွက်ထက် လျော့နည်းနေလျှင်ဖြစ်စေ၊ တူညီနေလျှင်ဖြစ်စေ၊ ပိုမိုသည့်တိုင်အောင် ကွာခြားချက် များပြားခြင်း မရှိလျှင်ဖြစ်စေ အဖွဲ့သည် ထိုရာထူးအတွက် ရေးဖြေစာမေးပွဲ စစ်ဆေးခြင်းမပြုဘဲ လျှောက်ထားသူ များကို အကြောင်းကြားခေါ်ယူကာ စိတ်အခြေအနေစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းများကို ဆောင်ရွက်နိုင်သည်။
၁၆။ အဖွဲ့က ဖွဲ့စည်းသည့် လူတွေ့စစ်ဆေးရေးအဖွဲ့သည် အောက်ပါအရည်အချင်းများကို စစ်ဆေး၍ အကဲဖြတ်အမှတ်ပေးရမည်-
၁၇။ အဖွဲ့သည် လူတွေ့စစ်ဆေးရေးအဖွဲ့က အကဲဖြတ်အမှတ်ပေးထားသော ရမှတ်များကို စုပေါင်း၍ အမှတ်အများအနည်းအလိုက် လစ်လပ်ရာထူးဦးရေနှင့်အညီ ရွေးချယ်ပေးရမည်။ အရန် ရွေးချယ်မည့်ဦးရေကို အဖွဲ့၏ရာထူးရွေးချယ်ရေးအစည်းအဝေး ဆုံးဖြတ်ချက်နှင့်အညီ သတ်မှတ် လျာထားနိုင်သည်။
၁၈။ အဖွဲ့သည် ဝန်ထမ်းစစ်ဆေးရွေးချယ်ရာတွင် ကျွမ်းကျင်မှုဆိုင်ရာအကူအညီ လိုအပ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများထံမှလည်းကောင်း၊ ကျွမ်းကျင်သူပုဂ္ဂိုလ်များထံမှ လည်းကောင်း အကူအညီတောင်းခံနိုင်သည်။
၁၉။ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက ရွေးချယ်ခန့်ထားခွင့်ရှိသော စတင်ခန့်ရာထူးများသို့ ဝန်ထမ်းများ ရွေးချယ်ခန့်ထားနိုင်ရေးအတွက် စိတ်အခြေအနေစစ်ဆေးပေးရန် မေတ္တာရပ်ခံလာလျှင် အဖွဲ့က ကူညီရမည်။
အခန်း(၃)
ရာထူးတိုးမြှင့်ခြင်း
၂၀။ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအလိုက် ရာထူးအဆင့်တိုးမြှင့်ခန့်ထားရန် အနည်းဆုံးလိုအပ်သော ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်း၊ ရာထူးသက်နှင့်လုပ်သက်တို့ကို ရာထူး အမျိုးအစားကို မူတည်၍ ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုသတ်မှတ်ပေးရမည်။
၂၁။ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသည် ရာထူးတိုးမြှင့်ရေးအတွက် အရည်အချင်းစိစစ် အကဲဖြတ်ရာတွင် ဌာန၏ဖွဲ့စည်းပုံအင်အားတွင် ပါဝင်သည့် ဌာနပြင်ပသို့ရောက်ရှိနေသော ဝန်ထမ်း များကိုပါ ထည့်သွင်းစဉ်းစားရမည်။