ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

အမိန့်ကြော်ငြာစာအမှတ်၊ ၈၁/၂၀၂၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရာထူးဝန်အဖွဲ့

အမိန့်ကြော်ငြာစာအမှတ် ၈၁/ ၂၀၂၂

၁၃၈၄ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက်

( ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်)

ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ ပုဒ်မ ၉၊ ပုဒ်မခွဲ (င) နှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းက ထူးခြားသောအခြေအနေ တစ်ရပ်ရပ်ကြောင့် ပြင်ပပုဂ္ဂိုလ်အား တိုက်ရိုက်ခန့်အပ်ရန်လိုအပ်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ အဆိုပြုရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ ပုဒ်မ ၂၇၊ ပုဒ်မခွဲ (ခ)  အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သတ်မှတ်လိုက်သည်။

၁။               သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းသည် ထူးခြားသောအခြေအနေတစ်ရပ်ရပ်ကြောင့် ပြင်ပပုဂ္ဂိုလ်အား တိုက်ရိုက်ခန့်အပ်ရန်လိုအပ်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ အဆိုပြုရာတွင် အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများကို အဆိုပြုရမည်-

  • (က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
  • (ခ)      ခန့်ထားလိုသော ရာထူးအဆင့်အတွက် သတ်မှတ်ထားသည့် ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်းများနှင့် ကိုက်ညီရမည်။
  • (ဂ)       ပြစ်မှုကင်းရှင်းသူဖြစ်ရမည်။
  • (ဃ)     ကျန်းမာကြောင်း ဆေးလက်မှတ်တင်ပြနိုင်ရမည်။
  • (င)      ပါတီနိုင်ငံရေးကင်းရှင်းရမည်။ နိုင်ငံရေးပါတီတစ်ခုခုတွင် ပါဝင်နေသူဖြစ်ပါက နိုင်ငံ့ဝန်ထမ်းအဖြစ် ပြန်လည်ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ ပါတီဝင်အဖြစ်မှ နုတ်ထွက်ရမည်။

၂။               သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းသည် ပြင်ပပုဂ္ဂိုလ်ခန့်ထားရေးနှင့်စပ်လျဉ်း၍-

၃။               ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၈-၁၂-၂၀၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၇၀/ ၂၀၁၈ အား ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

 

ဒေါက်တာမောင်မောင်နိုင်

ဥက္ကဋ္ဌ

ပြည်ထောင်စုရာထူးဝန်အဖွဲ့

 

my_MMMY