ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် (၃၀) ပါး

နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် (၃၀) ပါး

ဝန်ထမ်းတစ်ဦးချင်းလိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ် (၁၂) ပါး

  • ၁။   နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များ၊ ဝန်ထမ်းအဖွဲ့အစည်းအလိုက် သီးခြားသတ်မှတ်ထားသော လုပ်ငန်းခွင်စည်းကမ်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ပါ။
  • ၂။   ပေးအပ်ထားသော တာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ပါ။
  • ၃။   ယုံကြည်စွာအပ်နှံထားသော လုပ်ပိုင်ခွင့်ကို အလွဲသုံးခြင်းမှ ရှောင်ကြဉ်ပါ။
  • ၄။   အဂတိလိုက်စားခြင်းနှင့် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခြင်းတို့မှ ရှောင်ကြဉ်ပါ။
  • ၅။   မိမိကြောင့် နိုင်ငံပိုင်ပစ္စည်းဥစ္စာ၊ ဘဏ္ဍာငွေပျက်စီးဆုံးရှုံးခြင်းနှင့် အလွဲသုံးစားပြုခြင်းတို့မဖြစ်စေရန် အလေးထားဆောင်ရွက်ပါ။
  • ၆။   ရာထူးနှင့်လျော်ညီသော အရည်အသွေး ပြည့်ဝနေစေရန် ကြိုးစားအားထုတ်ပါ။ ရာထူးဝန်အဖွဲ့က သတ်မှတ်ထားသော သင်တန်းများ တက်ရောက်ပါ။
  • ၇။   တာဝန်ထမ်းဆောင်ရာတွင် ရိုးသားဖြောင့်မတ်ပါ။
  • ၈။   အလုပ်ခွင်တွင် မူးယစ်ဆေးသုံးစွဲခြင်း၊ အရက်သောက်ခြင်း၊ လောင်းကစားခြင်းတို့ကို ရှောင်ကြဉ်ပါ။
  • ၉။   အလုပ်ခွင်တွင် ခိုက်ရန်ဖြစ်ပွားခြင်းမှ ရှောင်ကြဉ်ပါ။
  • ၁၀။  အကျင့်စာရိတ္တပျက်ပြားခြင်းနှင့် သိက္ခာမဲ့စွာ ပြုမှုပြောဆိုနေထိုင်ခြင်းတို့မှ ရှောင်ကြဉ်ပါ။
  • ၁၁။  ဥပဒေနှင့်အညီ ပေးအပ်လာသည့် အမိန့်နှင့် တာဝန်ကို ကြည်ဖြူစွာထမ်းဆောင်ပါ။
  • ၁၂။  ဝန်ထမ်းပီသစွာဖြင့် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းစွာနေထိုင်ပါ။

[printfriendly current=’yes’]

ဝန်ထမ်းအချင်းချင်းအပေါ် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ် (၅)ပါး

  • ၁။   ဝန်ထမ်းအချင်းချင်း သစ္စာစောင့်သိပါ။
  • ၂။   ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်မှုကို တည်ဆောက်ပါ။
  • ၃။   ဝန်ထမ်းအချင်းချင်း တိုင်ကြားသက်သေခံရာတွင် အမှန်အတိုင်း ထွက်ဆိုပါ။
  • ၄။  ဝန်ထမ်းအဖွဲ့အစည်း၊ ဝန်ထမ်းအမျိုးအစားအလိုက် စောင့်ထိန်းရန် သတ်မှတ်ထားသည့် ကျင့်ဝတ်နှင့် စည်းကမ်းများကို လိုက်နာပါ။
  • ၅။   ဝန်ထမ်းများ၏ သက်သာချောင်ချိရေးနှင့် လုပ်ငန်းခွင် ပျော်ရွှင်ရေးတို့တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပါ။

ပြည်သူလူထုအပေါ် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ် (၅)ပါး

  • ၁။   ပြည်သူလူထုအပေါ် သစ္စာစောင့်သိရိုသေပါ။
  • ၂။   ပြည်သူလူထုကို လေးစားစွာ ဝန်ဆောင်မှုပေးပါ။
  • ၃။   ပြည်သူလူထု၏ အကျိုးစီးပွားကို အလေးထားစောင့်ရှောက်ပါ။
  • ၄။  ပြည်သူလူထုကို ယဉ်ကျေးစွာပြုမှုဆက်ဆံပါ။
  • ၅။   တာဝန်အရ ဆောင်ရွက်ရာတွင် ပြည်သူလူထုထံမှ ငွေကြေးအပါအဝင် အကျိုးခံစားခွင့်တစ်ခုခုကို တောင်းခံခြင်းမပြုဘဲ ဆောင်ရွက်ပေးပါ။

နိုင်ငံတော်အပေါ် လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ် (၈) ပါး

  • ၁။  နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပါ။
  • ၂။  ဒို့တာဝန်အရေးသုံးပါးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ပါ။
  • ၃။  ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လိုက်နာပါ။
  • ၄။  နိုင်ငံတော်၏ အကျိုးစီးပွားကို အလေးထားဆောင်ရွက်ပါ။
  • ၅။   နိုင်ငံတော်ပိုင်ပစ္စည်းဥစ္စာ၊ ဘဏ္ဍာငွေများ ပျက်စီးဆုံးရှုံးမှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်ပါ။
  • ၆။   နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေကို လိုက်နာပါ။
  • ၇။   နိုင်ငံတော်အပေါ် အကြည်ညိုပျက်စေမည့် လုပ်ရပ်များကို ရှောင်ကြဉ်ပါ။
  • ၈။   နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဝိုင်းဝန်းစောင့်ရှောက်ပါ။

[printfriendly current=’yes’]

my_MMMY