ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

အထွေထွေကိစ္စ

အထွေထွေကိစ္စ

၁။ ကြိုတင်နှစ်တိုးခံစားခွင့်ပြုနိုင်ရေးကိစ္စ

သက်ဆိုင်ရာဌာနအနေဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ဖွင့်လှစ်ခဲ့သည့် အလယ်အလတ်အဆင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုအဆင့်မြင့်ဒီပလိုမာ သင်တန်းအမှတ်စဉ်(၄) ၌ သင်တန်းဆင်းအရည်အချင်း သတ်မှတ်ချက်အဆင့် ၂၊ A+ စာပေထူးချွန်ဆု ရရှိခဲ့ပြီး Management, Economic, Law, Social Science, Political Science, Information & Communication Technology ဘာသာရပ်များတွင် ဂုဏ်ထူးရရှိခဲ့သည့် ဝန်ထမ်းအား ဂုဏ်ပြုချီးမြှင့် သည့်အနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၃၄၊ ပုဒ်မခွဲ (ဂ) နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၅၇၊ နည်းဥပဒေခွဲ (ဂ) တို့ပါပြဋ္ဌာန်းချက်များအရ ကြိုတင်နှစ်တိုးခံစားခွင့်ပြုနိုင်မည် ဖြစ်ပါသည်။

၂။ သက်ပြည့်ပင်စင်ခံစားမည့် ဝန်ထမ်းအားဌာနဆိုင်ရာစစ်ဆေးမှုမပြီးပြတ်ပါက ဌာနမှဆက်လက် ဆောင်ရွက်ရမည့် အခြေအနေနှင့် ကြိုတင်ပြင်ဆင်ခွင့် (၄) လအား ခံစားခွင့်ပြုထားခြင်း မရှိသည့်ကိစ္စစ

သက်ဆိုင်ရာဌာနအနေဖြင့် သက်ပြည့်ပင်စင်ခံစားမည့် ဝန်ထမ်းအား ဌာနဆိုင်ရာစစ်ဆေးမှု မပြီးပြတ်သေးသဖြင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၃၁ ပါပြဋ္ဌာန်းချက်အရ အငြိမ်းစားယူခွင့်မပြုရသည့်အတွက် အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့် လေးလ လျှောက်ထား လာခြင်းကို ခံစားခွင့်မပြုထားခြင်းသည် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများပါပြဋ္ဌာန်းချက်နှင့်ညီညွတ်မှု ရှိပါသည်။

၃။ မွေးသက္ကရာဇ်ကွဲလွဲနေခြင်းအပေါ် သဘောထားမှတ်ချက်ပြန်ကြားပေးနိုင်ပါရန်ကိစ္စ

သက်ဆိုင်ရာဌာနအနေဖြင့် ဝန်ထမ်းအသက် (၁၈) နှစ် မပြည့်မီ တာဝန်ထမ်းဆောင်ခဲ့သည့် လုပ်သက်များအနက် ပင်စင်အကျိုးခံစားခွင့်ရှိသည့် လုပ်သက်ရေတွက် ခြင်းနှင့်စပ်လျဉ်း၍ ဝန်ထမ်းစည်းမျဉ်းများဆိုင်ရာကောက်နုတ်ချက်စာစောင် အပိုဒ် ၁၆၄ ပါ သတ်မှတ်ချက်နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၃၄ ပါပြဋ္ဌာန်းချက်အရ တာဝန် ထမ်းဆောင်ခဲ့သည့် လုပ်သက်များကို ၎င်းအသက် ၁၈ နှစ်ပြည့်ချိန်မှစ၍ ရေတွက်ရမည်ဖြစ်ပြီး ပင်စင်ဆိုင်ရာကိစ္စရပ်များကို အဓိကတာဝန်ယူဆောင်ရွက်နေသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ သဘောထားမှတ်ချက်ကို ညှိနှိုင်းရယူဆောင်ရွက်သင့်ပါသည်။

my_MMMY