ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

အမိန့်ကြော်ငြာစာ အမှတ် ၇၀/၂၀၁၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရာထူးဝန်အဖွဲ့

အမိန့်ကြော်ငြာစာအမှတ် ၇၀/၂၀၁၈

၁၃၈၀ ပြည့်နှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်

(၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် )

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (င) အရ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက အငြိမ်းစားဝန်ထမ်းများနှင့်  ပြင်ပပုဂ္ဂိုလ်များကို ခန့်အပ်ရန်လိုအပ်သဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ အဆိုပြုတင်ပြရာတွင် လိုက်နာဆောင်ရွက်ရန် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥပဒေ ပုဒ်မ ၂၇၊ ပုဒ်မခွဲ (ခ) နှင့် အညီ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ သတ်မှတ်လိုက်သည်။

၁။ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက ခန့်ထားလိုသော ရာထူးအဆင့်အတွက် သတ်မှတ် ထားသည့် ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်းများနှင့် ကိုက်ညီရမည့်အပြင် လက်ရှိ တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများထက် ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်း ထူးကဲသာလွန်၍ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းက       မဖြစ်မနေအကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းအတွက် စွမ်းစွမ်းတမံ အထောက်အကူပြုပံ့ပိုးပေးနိုင်သော အောက်ဖော်ပြပါသတ်မှတ်ချက် များနှင့် ကိုက်ညီသည့် အငြိမ်းစားဝန်ထမ်းနှင့် ပြင်ပပုဂ္ဂိုလ်များကို ခန့်ထားနိုင်ရန် ပြည်ထောင်စု ရာထူးဝန်အဖွဲ့သို့ အဆိုပြုတင်ပြနိုင်သည် –

  • (က) အဆိုပြုနိုင်သည့်ရာထူးအဆင့်။ လက်ထောက်ညွှန်ကြားရေးမှူးရာထူးနှင့် လစာနှုန်းတူ ရာထူးအဆင့်၊ ဒုတိယညွှန်ကြားရေးမှူးရာထူးနှင့် လစာနှုန်းတူ ရာထူးအဆင့်များကိုသာ ခန့်ထားနိုင်ရေး အဆိုပြုတင်ပြရမည်။
  • ( ခ ) အငြိမ်းစားဝန်ထမ်းအတွက် သတ်မှတ်ချက်
    • (၁) လျော်ကြေးပင်စင်ခံစားခဲ့သည့် အငြိမ်းစားဝန်ထမ်းကိုသာ အဆိုပြုတင်ပြရမည်။
    • (၂ ) လက်ရှိခံစားနေသည့် ပင်စင်လစာနှင့် လုပ်သက်ဆုငွေကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒများ၊ နည်းဥပဒေ ၂၃၇ မှ နည်းဥပဒေ ၂၄၀ အထိပါ ပြဌာန်းချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်။
    • (၃) အသက် ၄၅ နှစ်ထက်မကျော်လွန်စေရ။
    • (၄) ပြစ်မှုကင်းရှင်းသူဖြစ်ရမည်။
    • (၅) ကျန်းမာကြောင်းဆေးလက်မှတ်တင်ပြနိုင်ရမည်။
    • (၆) နိုင်ငံရေးပါတီတစ်ခုခုတွင် ပါဝင်နေသူဖြစ်ပါက နိုင်ငံ့ဝန်ထမ်းအဖြစ် ပြန်လည် ခန့်အပ် တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ ပါတီဝင်အဖြစ်မှ နုတ်ထွက်ရမည်။
  • ( ဂ ) ပြင်ပပုဂ္ဂိုလ်အတွက် သတ်မှတ်ချက်
    • (၁) အသက် ၄၅ နှစ်ထက် မကျော်လွန်စေရ။
    • (၂) ပြစ်မှုကင်းရှင်းသူဖြစ်ရမည်။
    • (၃) ကျန်းမာကြောင်းဆေးလက်မှတ်တင်ပြနိုင်ရမည်။
    • (၄) မိမိသဘောဆန္ဒအလျောက် ဝန်ထမ်းအဖြစ်မှ နုတ်ထွက်သူများမဖြစ်စေရ။
    • (၅) နိုင်ငံရေးပါတီတစ်ခုခုတွင် ပါဝင်နေသူဖြစ်ပါက နိုင်ငံ့ဝန်ထမ်းအဖြစ် ပြန်လည် ခန့်အပ် တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ ပါတီဝင် အဖြစ်မှ နုတ်ထွက်ရမည်။

၂။ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအနေဖြင့် ပြင်ပပုဂ္ဂိုလ်များအား ခန့်ထားရာတွင် လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ခံစားခွင့်ကို ဆုံးရှုံးနစ်နာမှု့မရှိစေရန် မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်ရမည့်လုပ်ငန်းအတွက် အမှန်တကယ်လိုအပ်မှသာ ခန့်ထားလိုသည့်ရာထူး၏ အလုပ်တာဝန်လိုအပ်ချက်     နှင့်ကိုက်ညီသော ပညာရှင်ဝန်ထမ်းများကို ခန့်ထားနိုင်ရေး အဆိုပြုတင်ပြရမည်။

 

ဒေါက်တာဝင်းသိမ်း
ဥက္ကဋ္ဌ
ပြည်ထောင်စုရာထူးဝန်အဖွဲ့

စာအမှတ်၊ ၃၃၂၀ / ရအဖ /  ၁  /  ၂၀၁၈
ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်

 

my_MMMY