ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

အမိန့်ကြော်ငြာစာ အမှတ် ၁၆/၂၀၂၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရာထူးဝန်အဖွဲ့ 

အမိန့်ကြော်ငြာစာအမှတ်    ၁၆       /၂၀၂၂

၁၃၈၃  ခုနှစ်၊     တန်ခူးလဆန်း   ၅     ရက်

( ၂၀၂၂    ခုနှစ်၊       ဧပြီလ   ၅    ရက် )

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို စတုတ္ထအကြိမ်ပြင်ဆင်သည့်နည်းဥပဒေများပါ နိုင်ငံ့ဝန်ထမ်း တစ်ဦး သက်ပြည့်အငြိမ်းစားယူရမည့်နေ့ရက်နှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် ပြည်ထောင်စု ရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇၆၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။

၁။       နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို စတုတ္ထအကြိမ်ပြင်ဆင်သည့်နည်းဥပဒေများပါ သက်ပြည့် အငြိမ်းစားယူရမည့်နေ့ရက်ကို ဝန်ထမ်းအသက် ၆၂ နှစ်ပြည့်သည့်နေ့ရက်ဟု သတ်မှတ်ခဲ့သည့် ပြဋ္ဌာန်းချက်တွင် အောက်ဖော်ပြပါသတ်မှတ်ချက်များနှင့်ကိုက်ညီသူများ အကျုံးဝင်မှုရှိစေရမည် –

(က)    ၃၁-၃-၂၀၂၂ ရက်နေ့တွင် အသက် (၆၀)နှစ်မကျော်လွန်သေးသည့် နိုင်ငံ့ဝန်ထမ်းများ၊

( ခ )      ၃၁-၃-၂၀၂၂ ရက်နေ့တွင် အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့်ခံစားနေဆဲ နိုင်ငံ့ ဝန်ထမ်းများ၊

( ဂ )    အများပြည်သူအကျိုးငှာ အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့်ကိုငြင်းပယ်ပြီး ၃၁-၃-၂၀၂၂ ရက်နေ့တွင် ထိုခွင့်ကိုရွှေ့ဆိုင်းခွင့် (Deferred Leave) ခံစားနေဆဲ နိုင်ငံ့ဝန်ထမ်းများ၊

(ဃ)    အသက် (၆၀) နှစ်ပြည့်ပြီးသော်လည်း လုပ်ငန်းလိုအပ်ချက်အရ ဆက်လက်အမှုထမ်း ခွင့် (Extension of Service)ရရှိနေပြီး ၃၁-၃-၂၀၂၂ ရက်နေ့တွင် အသက် (၆၂) နှစ် မကျော်လွန်သေးသူများ၊

၂။          အထက်အပိုဒ် ၁၊ အပိုဒ်ခွဲ (ခ) နှင့် (ဂ) တို့ပါ ဝန်ထမ်းများ၏ ရာထူးနေရာများတွင် အစားထိုး ဖြည့်စွက်ခန့်ထားလိုက်သည့်အတွက် မူလရာထူးအနွယ်မရှိတော့သူများအား အခြားဝန်ကြီးဌာန အဖွဲ့အစည်းများရှိ ဖွဲ့စည်းပုံအရ လစ်လပ်နေသည့် လစာနှုန်းတူ ရာထူးနေရာများတွင် ပြောင်းရွှေ့ ခန့်ထားခြင်း သို့မဟုတ် မူလဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်/ ဒုတိယညွှန်ကြားရေးမှူးချုပ် အဆင့်များအတွက် ဥပဒေအကြံပေး သို့မဟုတ် ကျွမ်းကျင်သူများအဖြစ်လည်းကောင်း၊ ကျန်နိုင်ငံ့ ဝန်ထမ်းများအတွက် ကျွမ်းကျင်သူများအဖြစ်လည်းကောင်း ပြန်လည်ခန့်ထားခြင်းကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏သဘောထားမှတ်ချက်ရယူ၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ခွင့်ပြုချက်ဖြင့် အသက် (၆၂) နှစ်ပြည့်သည်အထိ ခန့်ထားခြင်းဆောင်ရွက်နိုင်သည်။

၃။       ၃၁-၃-၂၀၂၂ ရက်နေ့မတိုင်မီ အငြိမ်းစားယူခွင့်ပြုပြီးသူများအနေဖြင့် ဆက်လက်တာဝန် ထမ်းဆောင်ရန်ဆန္ဒမရှိပါက မူလခွင့်ပြုချက်အတိုင်း အငြိမ်းစားယူနိုင်သည်။

၄။         အထက်အပိုဒ် (၁) ပါ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းများအဖြစ် ဆက်လက်ခန့်ထား နိုင်ရေးကို အခွင့်အရေးတစ်ရပ်အနေဖြင့် တောင်းခံပိုင်ခွင့်မရှိစေရ။

 

 

 

                                                                                                         သန်းဆွေ

                                                                                                           ဥက္ကဋ္ဌ

                                                                                        ပြည်ထောင်စုရာထူးဝန်အဖွဲ့

my_MMMY