ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

အမိန့်ကြော်ငြာစာအမှတ်၊ ၂၈/ ၂၀၂၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရာထူးဝန်အဖွဲ့

အမိန့်ကြော်ငြာစာအမှတ်၊ ၂၈/ ၂၀၂၂

၁၃၈၄ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်

(၂၀၂၂ ခုနှစ်၊ မေလ ၆ ရက်)

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို စတုတ္တအကြိမ်ပြင်ဆင်သည့်နည်းဥပဒေများပါ နိုင်ငံ့ဝန်ထမ်းတစ်ဦး သက်ပြည့်အငြိမ်းစားယူရမည့် နေ့ရက်ပြဋ္ဌာန်းချက်နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်၊ ၁၆/ ၂၀၂၂ တို့ပါ သတ်မှတ်ချက်များအရ ပြန်လည်ခန့်ထားခဲ့သည့် နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့်ကာလနှင့်ပတ်သက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇၆၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။

အငြိမ်းစားမယူမီကြိုတင်ပြင်ဆင်ခွင့်ခံစားနေဆဲ နိုင်ငံ့ဝန်ထမ်း (၂၆၀၇) ဦးနှင့် ထိုခွင့်ကို ငြင်းပယ်၍ ရွှေ့ဆိုင်းခွင့် (Deferred Leave) ခံစားနေဆဲ နိုင်ငံ့ဝန်ထမ်း (၂၃၄) ဦးတို့အား ပြန်လည်ခန့်အပ်ခဲ့ပြီးဖြစ်ပါသည်။ ထိုနိုင်ငံ့ဝန်ထမ်း (၂၈၄၁) ဦးသည် အသက် (၆၂) နှစ်တွင် အငြိမ်းစားယူရာ၌ အငြိမ်းစား   မယူမီ ကြိုတင်ပြင်ဆင်ခွင့်ကာလကို ” နှစ်လ” ခံစားခွင့်ပြုရန် သီးခြားကိစ္စရပ်အဖြစ် သတ်မှတ်လိုက်သည်။

သန်းဆွေ

ဥက္ကဋ္ဌ

ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

my_MMMY