ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

(၂) ဝန်ထမ်းများရွေးချယ်ခန့်ထားခြင်း

အခန်း()

ဝန်ထမ်းများ ရွေးချယ်ခန့်ထားခြင်း

၃။         ဝန်ထမ်းအမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်သည်-

  • (က)   စီမံခန့်ခွဲရေးဝန်ထမ်း (အုပ်ချုပ်ရေး၊ လူမှုရေး)၊
  • ( ခ )  စီမံခန့်ခွဲရေးဝန်ထမ်း(စီးပွားရေး)၊
  • ( ဂ )  ပညာရှင်ဝန်ထမ်း ၊
  • (ဃ)   ကျွမ်းကျင်ဝန်ထမ်း၊
  • ( င )  စာရေးဝန်ထမ်း၊
  • ( စ )  အကူဝန်ထမ်း။

၄။         ဝန်ထမ်းများ ရွေးချယ်ခန့်ထားရာတွင် ခန့်ထားမည့် စတင်ခန့်ရာထူးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းက သတ်မှတ်ထားသော အရည်အချင်းနှင့် ပြည့်စုံသူများအား ယှဉ်ပြိုင် ရွေးချယ်သည့်စနစ်ဖြင့် ရွေးချယ်ခန့်ထားရမည်။

၅။         အဖွဲ့က ရွေးချယ်ပေးရမည့် ရာထူးအဆင့်မှအပ အမှုထမ်းများအတွက် စတင်ခန့်ရာထူး အဆင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

  • (က)    အကူဝန်ထမ်းအဆင့်(၁)၊
  • ( ခ )    စာရေးဝန်ထမ်းအဆင့်(၁)၊
  • ( ဂ )    ကျွမ်းကျင်ဝန်ထမ်းအဆင့် (၁)၊ အဆင့် (၂) နှင့်အဆင့် (၄)၊
  • (ဃ)    ပညာရှင်အဆင့်(၁)၊ အဆင့် (၂) နှင့်အဆင့် (၃)၊
  • ( င )    စီမံခန့်ခွဲရေးဝန်ထမ်း(စီးပွားရေး) အဆင့်(၁)နှင့်အဆင့် (၂)၊
  • ( စ )    စီမံခန့်ခွဲရေးဝန်ထမ်း (အုပ်ချုပ်ရေး၊ လူမှုရေး) အဆင့် (၁)။

၆။         သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသည် ကျွမ်းကျင်ဝန်ထမ်းအဆင့် (၃) ရာထူး အဆင့်တွင် လုပ်ငန်းသဘာဝအရဖြစ်စေ၊ ရာထူးအဆင့်အတွက် သတ်မှတ်ထားသည့်  အရည်အချင်း အရဖြစ်စေ၊ ပြင်ပပုဂ္ဂိုလ်အား ရွေးချယ်ခန့်အပ်ရန် လိုအပ်သည့်ကိစ္စတွင် ခန့်အပ်လိုသည့် ကျွမ်းကျင် ဝန်ထမ်းအဆင့်(၃)ရာထူးကို ကျောထောက်နောက်ခံပြု၍ ကျွမ်းကျင်ဝန်ထမ်းအဆင့် (၂) ရာထူးတွင် ဦးစွာအလုပ်သင်ခန့်ထားခြင်းကို ပြုလုပ်၍ လုပ်ငန်းဆောင်ရွက်မှုကို ကျေနပ်မှုရှိပါက ကျောထောက် နောက်ခံပြုထားသည့် ကျွမ်းကျင်ဝန်ထမ်းအဆင့် (၃) ရာထူးတွင် ခန့်ထားရမည်။

၇။(က)    ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအသီးသီးတွင် ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် ရာထူးနေရာ လစ်လပ်မှုရှိသဖြင့် ပြင်ပပုဂ္ဂိုလ်အား ခန့်အပ်လိုပါက အဖွဲ့ကသာ ရွေးချယ်ပေးရမည်။

( ခ )    ထူးခြားသည့် အခြေအနေတစ်ရပ်ရပ်ကြောင့် ပြင်ပပုဂ္ဂိုလ်အား တိုက်ရိုက်ခန့်အပ်ရန် လိုအပ်လျှင်  သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းက အဖွဲ့သို့ အဆိုပြုရမည်ဖြစ်ပြီး အဖွဲ့၏ထောက်ခံချက်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြခွင့်ပြုချက် ရယူရမည်။

၈။         ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသည် လစ်လပ်သော ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် ရာထူးနေရာများတွင် ပြင်ပပုဂ္ဂိုလ်အား ခန့်အပ်လိုပါက ရွေးချယ်ပေးရမည့် အရေအတွက်နှင့် သတ်မှတ်ချက်များဖော်ပြ၍ ရွေးချယ်ပေးရန် အဖွဲ့သို့အဆိုပြုရမည်။

၉။         အဖွဲ့သည် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများမှ  အဆိုပြုလာသည့် အဆိုပြုချက်များကို စိစစ်၍ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူများအား ယှဉ်ပြိုင်စနစ်ဖြင့် ရွေးချယ် နိုင်ရန် လျှောက်လွှာခေါ်ယူသည့် ကြော်ငြာကို သတင်းစာများတွင် အနည်းဆုံးတစ်ကြိမ်စီ ထည့်သွင်း ကြော်ငြာရမည်။ ထို့ပြင် အဖွဲ့ရုံးရှိ ကြော်ငြာသင်ပုန်းတွင်လည်း ကြော်ငြာစာကို ကပ်ထားရမည်။

၁၀။       နည်းဥပဒေ ၉ အရ ကြော်ငြာရာတွင် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများ၏ လုပ်ငန်းသဘာဝ အရ အနည်းဆုံးလိုအပ်သော ပညာအရည်အချင်းကို သတ်မှတ်ရမည်။ အသက်ကန့်သတ်ချက်အား လျှောက်လွှာပိတ်သည့်နေ့ကို မူတည်၍ အတိအကျ သတ်မှတ်ထားရမည်။ ထို့ပြင် ထူးခြားသော အခြေအနေနှင့် လုပ်ငန်းသဘာဝအရ သီးခြားအရည်အချင်းသတ်မှတ်ခြင်းနှင့်အသက်ကန့်သတ်ချက် ဖော်ပြခြင်းတို့ကို ပြုလုပ်လိုပါက သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသည် အဖွဲ့နှင့်ညှိနှိုင်း၍ သတ်မှတ်ရမည်။

၁၁။       အဖွဲ့သည် တင်သွင်းလာသည့် လျှောက်လွှာများကိုစိစစ်၍ သတ်မှတ်ချက်နှင့်ညီညွတ်သော လျှောက်ထားသူများကို ရေးဖြေစာမေးပွဲစစ်ဆေးခြင်း၊ စိတ်အခြေအနေစစ်ဆေးခြင်းနှင့် လူတွေ့ စစ်ဆေးခြင်းများပြုလုပ်ပြီး လစ်လပ်ရာထူးအတွက် သင့်လျော်သူများကို ရွေးချယ်ပေးရမည်။

၁၂။       အဖွဲ့သည် ရေးဖြေစာမေးပွဲတွင် ဖြေဆိုရမည့် ပုံစံ၊ ဘာသာရပ်နှင့်ဖြေဆိုရမည့်အချိန်တို့ကို သတ်မှတ်ပေးရမည်။ ထိုသို့သတ်မှတ်ခြင်းကို သက်ဆိုင်ရာ ရာထူးအတွက် လျှောက်လွှာခေါ်ယူသည့် အဖွဲ့၏ကြော်ငြာတွင် သီးခြားဖော်ပြရမည်။

my_MMMY