ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

(၆) အဖွဲ့၏သဘောထားမှတ်ချက်ပေးခြင်း၊ တင်ပြခြင်းနှင့် ပြန်ကြားခြင်း

အခန်း ()

အဖွဲ့၏သဘောထားမှတ်ချက် ပေးခြင်း၊ တင်ပြခြင်းနှင့် ပြန်ကြားခြင်း

၄၇။       အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်း များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဝန်ထမ်းရွေးချယ်ခန့်ထားရေး၊ လေ့ကျင့်ရေး၊ ရာထူးတိုးမြှင့်ရေး၊ စည်းကမ်းထိန်းသိမ်းရေးကိစ္စများနှင့်စပ်လျဉ်း၍လည်းကောင်း ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက သဘောထားတောင်းခံလာလျှင် သဘောထားမှတ်ချက်ပေးရမည်။

၄၈။       ဝန်ကြီးဌာနနှင့်ဝန်ထမ်းအဖွဲ့အစည်း တစ်ခုခုမှ ပြန်တမ်းဝင်အရာရှိတစ်ဦးဦးကို အခြား ဝန်ကြီးဌာနနှင့်ဝန်ထမ်းအဖွဲ့အစည်းတစ်ခုသို့ ပြောင်းရွှေ့ခန့်ထားလို၍ ညှိနှိုင်းလာသည့်အပေါ် လိုအပ် သည့်စိစစ်မှုများ ပြုလုပ်ခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းသို့ ပြန်ကြားခြင်းတို့ကို ဆောင်ရွက်ပေးရမည်။

၄၉။       ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများတွင် ဖွင့်လှစ်သော သင်တန်းများ၌ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းစည်းမျဉ်း၊ ဝန်ထမ်းစည်းကမ်း၊ ဝန်ထမ်းကျင့်ဝတ်၊ ဝန်ထမ်း သမိုင်း၊ ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုဘာသာရပ်များကို ဆွေးနွေးပို့ချပေးရန် ညှိနှိုင်းလာလျှင် အဖွဲ့က လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးရမည်။

၅၀။       အဖွဲ့သည်-

  • (က)    ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်းပြုခဲ့သည့် ဝန်ထမ်းများ၏ စာရင်းကို မှတ်တမ်းတင် အစီရင်ခံစာ ပြုစု၍ နိုင်ငံတော်သမ္မတထံသို့ နှစ်စဉ်တင်ပြရမည်။
  • ( ခ )    ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သုတေသနပြုရာတွင် လိုအပ်သော အချက်အလက်များကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများထံမှ တောင်းခံ ရယူနိုင်သည်။

၅၁။       ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၁) ကို ဤနည်းဥပဒေများဖြင့် ပယ်ဖျက်လိုက်သည်။

 

   (ပုံ)  ဝင်းသိမ်း

         ဥက္ကဋ္ဌ

   ပြည်ထောင်စုရာထူးဝန်အဖွဲ့

my_MMMY