ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပ‌ဒေများ(၁၁-၉-၂၀၂၀)

၃၂။       ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်းသို့ သက်ဆိုင်ရာ ဝန်ကြီး ဌာနနှင့်အဖွဲ့အစည်းများက ရွေးချယ်စေလွှတ်သော ကျန်းမာရေးကောင်းမွန်သည့် ဒုတိယညွှန်ကြား ရေးမှူးချုပ်နှင့် အဆင့်တူအရာထမ်းများ တက်ရောက်ရမည်။

၃၃။       အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်းသို့ သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက ရွေးချယ်စေလွှတ်သော ကျန်းမာရေးကောင်းမွန်သည့် ညွှန်ကြားရေးမှူးနှင့်အဆင့်တူ အရာထမ်းများ တက်ရောက်ရမည်။

၃၄။       အလယ်အလတ်အဆင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာသင်တန်းသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက ရွေးချယ်စေလွှတ် သောကျန်းမာရေးကောင်းမွန်သည့် လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် အဆင့်တူ အရာထမ်းများ တက်ရောက်ရမည်။

၃၅။       အရာထမ်းအခြေခံသင်တန်းသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက ရွေးချယ်စေလွှတ်သော ကျန်းမာရေးကောင်းမွန်သည့် ဦးစီးအရာရှိနှင့်အဆင့်တူ အရာထမ်းများ တက်ရောက်ရမည်။

၃၆။       အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ သင်တန်းသို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအတွက် အဖွဲ့က  ရွေးချယ်ခြင်းခံရသည့် ကျန်းမာရေး ကောင်းမွန်သည့် ပြန်တမ်းဝင်အရာရှိလောင်းများ တက်ရောက်ရမည်။

၃၇။       အရာထမ်းငယ်အခြေခံသင်တန်းသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက ရွေးချယ်စေလွှတ်သော ကျန်းမာရေးကောင်းမွန်သည့် အောက်ပါဝန်ထမ်းများ တက်ရောက်ရမည်-

  • (က)    စီမံခန့်ခွဲရေးဝန်ထမ်း (စီးပွားရေး) အဆင့် (၂)၊
  • ( ခ )    ပညာရှင်အဆင့် (၃)၊
  • ( ဂ )   ကျွမ်းကျင်ဝန်ထမ်းအဆင့် (၅)၊
  • (ဃ)    စီမံခန့်ခွဲရေးဝန်ထမ်း (အုပ်ချုပ်ရေး၊လူမှုရေး) အဆင့် (၁)။

၃၈။       စာရေးဝန်ထမ်းကြီးကြပ်မှုတန်းမြင့်သင်တန်းသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း များက ရွေးချယ်စေလွှတ်သော ကျန်းမာရေးကောင်းမွန်သည့် ဌာနခွဲစာရေးနှင့် ရုံးအုပ်များ တက်ရောက်ရမည်။

၃၉။       စာရေးဝန်ထမ်းအခြေခံသင်တန်းသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက ရွေးချယ်စေလွှတ်သော ကျန်းမာရေးကောင်းမွန်သည့် အငယ်တန်းစာရေးနှင့် အကြီးတန်းစာရေးများ တက်ရောက်ရမည်။

၄၀။       သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းသည် အထူးကိစ္စတစ်ရပ်အနေဖြင့် အဖွဲ့က တိုက်ရိုက်ရွေးချယ်သော ဝန်ထမ်းလောင်းများအား အရာထမ်းလောင်းအခြေခံသင်တန်းသို့ တက်ရောက် နိုင်စေရန် အဖွဲ့နှင့်ညှိနှိုင်းဆောင်ရွက်ရမည်။

၄၁။       အဖွဲ့သည် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများရှိ အရာထမ်းများအား လေ့ကျင့်ပျိုးထောင်ရန် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပပေးရမည်။

my_MMMY