ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ဝန်ထမ်းရေးရာကိစ္စရပ်များ – Mobile

စွမ်းဆောင်ရည်အဆင့်သတ်မှတ်ချက်များနှင့် ထည့်သွင်းစဉ်းစားရမည့်အချက်များ

၁၄။ ဝန်ထမ်း၏ လုပ်ငန်းတာဝန်များစွမ်းဆောင်မှုအပေါ် အဆင့်သတ်မှတ်ရာတွင် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ ၃၅၊ နည်းဥပဒေခွဲ (ဇ) ပါ ပြဋ္ဌာန်းချက်နှင့်အညီ သာမန်အောက်၊ သာမန်၊ သာမန်အထက်၊ထူးချွန်အဆင့်ဟူ၍ အဆင့်(၄)ဆင့်သတ်မှတ်ရမည်။ အကဲဖြတ်သူအရာရှိသည် တစ်နှစ်တာအတွင်း လုပ်ငန်းစွမ်းဆောင်မှုများအားလုံးကိုခြုံငုံ၍ အဆင့်သတ်မှတ်ချက်တစ်ခုကိုသာ ပေးရပါမည်။ အကဲဖြတ်ခံဝန်ထမ်းအား လုပ်ငန်းတာဝန်များ ဆောင်ရွက်ခဲ့မှုအပေါ် တိုးတက်မှုရှိ-မရှိကို အသိပေး၍ တိုးတက်အောင်ဆောင်ရွက်နိုင်မည့် အစီအစဉ်ကို ရေးဆွဲရမည်။

၁၅။ လုပ်ငန်းစွမ်းဆောင်ရည်ကို ‘အဆင့်သတ်မှတ်’ရာတွင် အဆင့်သတ်မှတ်သူ၏ ထင်မြင်ယူဆချက်များ အတိုင်းအတာတစ်ခုအထိ ပါဝင်မည်ဖြစ်သည်။ အချို့လုပ်ငန်းတာဝန်များမှာ ပြည့်မီပြီး အချို့မှာမူ ဝန်ထမ်းအနေဖြင့် စီမံထိန်းချုပ်ရန်မစွမ်းသာသည့် ခိုင်လုံသောအကြောင်းတရားများကြောင့် ပြည့်မီမှုမရှိခြင်းများလည်း ရှိနိုင်သည်။ အချို့လုပ်ငန်းတာဝန်များသည် အရေးပါပြီးအလုပ်၏ ၈၀% သည် ထိုလုပ်ငန်းတာဝန် ပြီးမြောက်အောင်မြင်ရေးအတွက် လုပ်ဆောင်ရခြင်းဖြစ်နိုင်ပြီး အချို့လုပ်ငန်းတာဝန် များမှာမူ ထိုမျှလောက် အရေးမပါခြင်းများလည်း ရှိနိုင်သည်။ အချို့လုပ်ငန်းတာဝန်များသည် ပြည့်မီအောင် လုပ်ဆောင်ရန် ‘လွယ်ကူကြောင်း’ တွေ့ရပြီး အချို့မှာမူ များစွာပိုမိုခက်ခဲသည်ကို တွေ့ရနိုင်သည်။

၁၆။ တစ်နှစ်တာကာလအတွက် စွမ်းဆောင်ရည်အဆင့်ကိုသတ်မှတ်ရာတွင် အောက်ပါအချက် များကို ထည့်သွင်းစဉ်းစားရမည် –

  • (က) တစ်နှစ်တာအတွင်းအဓိကဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၊
  • ( ခ ) ရံဖန်ရံခါ လုပ်ဆောင်မှုများထက် တစ်နှစ်ပတ်လုံး တစ်သမတ်တည်း စွမ်းဆောင် နိုင်မှုများ၊
    ( ဂ ) အကဲဖြတ်ခံဝန်ထမ်း၏ ဆောင်ရွက်မှုများကိုသာမက ဆောင်ရွက်ခဲ့သည့်နည်းလမ်း များနှင့် ဖြစ်ပေါ်ခဲ့သည့် အကျိုးသက်ရောက်မှုများ။

စွမ်းဆောင်ရည်အကဲဖြတ်သုံးသပ်ပြီးနောက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ

၁၇။ ဝန်ထမ်းအား ရာထူးတိုးမြှင့်ခန့်အပ်ရန် အကြောင်းပေါ်ပေါက်လာပါက နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ ၃၅(ဈ)(၄)အရ သီးခြားအကဲဖြတ်မှတ်တမ်းရေးရာ၌ တစ်နှစ်တာကာလ အတွက် စွမ်းဆောင်ရည်အကဲဖြတ်သည့်ပုံစံတွင် အကဲဖြတ်ချက်အမှတ်ပေးထားမှုများကို ထည့်သွင်း သုံးသပ်ရမည်။

၁၈။ အကဲဖြတ်ခံဝန်ထမ်းသည် သာမန်အောက်အဆင့်သတ်မှတ်ခံရလျှင် ဝန်ထမ်း၏စွမ်းဆောင်ရည် အားနည်းမှုများကို ပိုမိုတိုးတက်ကောင်းမွန်လာစေရန် စွမ်းဆောင်ရည်တိုးတက်ရေး အစီအစဉ် တစ်ခုကို ရေးဆွဲရန် လိုအပ်ပါသည်။

၁၉။ လုပ်ငန်းစွမ်းဆောင်ရည် အကဲဖြတ်သုံးသပ်မှုပြီးစီးလျှင် အကဲဖြတ်သူအရာရှိသည် အကဲဖြတ်ခံဝန်ထမ်း ရှင်းလင်းပြောကြားသွားသည်များကို ထည့်သွင်းစဉ်းစားကာ လုပ်ငန်း စွမ်းဆောင်မှုအစီအစဉ် ပုံစံထဲတွင် ဖြည့်စွက်ရပါမည်။ ‘ကနဦးအကဲဖြတ်သူအရာရှိ၏ တစ်နှစ်တာ အကဲဖြတ်သုံးသပ်မှုမှတ်ချက်’ စာတိုင်တွင် လုပ်ငန်းတာဝန်တစ်ခုချင်းစီအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများကိုရေးသားပြီး စွမ်းဆောင်ရည်အဆင့်သတ်မှတ်ချက်ကို သတ်မှတ် ပေးရမည်။ ပုံစံ၏ နောက်ဘက်စာမျက်နှာရှိ နောက်ဆုံးအဆင့်သတ်မှတ်ချက်ပါ သင့်လျော်သည့် အကွက်ထဲတွင် အမှတ်ခြစ်ပေးပါ။ ထို့နောက် တစ်နှစ်တာအတွင်း အကဲဖြတ်ခံဝန်ထမ်း၏ အဓိက စွမ်းဆောင်မှုများနှင့် အဖွဲ့အစည်းအတွက် အထောက်အကူပြုမှုများကို အနှစ်ချုပ်ရေးသားရမည်။

၂၀။ အပြီးသတ်လက်မှတ်ရေးထိုးပေးရမည့် အကဲဖြတ်သူအရာရှိ၏ အထက်အဆင့်ရှိ စီမံ အုပ်ချုပ်သူ (များ) အနေဖြင့် ကနဦးအကဲဖြတ်သူအရာရှိ၏ အဆင့်သတ်မှတ်ပေးသည့် လုပ်ငန်းစဉ်သည် မျှတမှုရှိခြင်း၊ ဘက်မလိုက်ခြင်းနှင့် လမ်းညွှန်ချက်များနှင့် ကိုက်ညီစေရန် ကြပ်မတ်ပေးရမည်။ စီမံအုပ်ချုပ်သူများ၏တာဝန်မှာ လုပ်ထုံးလုပ်နည်းများကို ကြီးကြပ်ကွပ်ကဲရန်နှင့် သဘောထား ကွဲလွဲမှုများရှိပါက ညှိနှိုင်းဆောင်ရွက်ပေးရန် ဖြစ်သည်။

၂၁။ အကဲဖြတ်ခံဝန်ထမ်း၏ စွမ်းဆောင်ရည်အဆင့်ကို ဆုံးဖြတ်ပိုင်ခွင့်သည် အကဲဖြတ်သူ အရာရှိထံတွင် ရှိပါသည်။ ဝန်ထမ်းတစ်ဦးကို ‘ထူးချွန်အဆင့်’ သို့မဟုတ် ‘သာမန်အောက်အဆင့်’ အဖြစ် သတ်မှတ်ရာတွင် ထိုအဆင့်သတ်မှတ်ချက်ကို အဘယ်ကြောင့်ပေးထားရကြောင်း ခိုင်လုံသော အကြောင်းပြချက်ကို ပေးရန်မှာ အကဲဖြတ်သူအရာရှိ၏ တာဝန်ဖြစ်ပါသည်။ ထိုအဆင့်သတ်မှတ် ချက် နှစ်ခုစလုံးအတွက် မှန်ကန်သည့် ဝေဖန်သုံးသပ်ချက်လိုအပ်ပါသည်။

၂၂။ ကနဦးအကဲဖြတ်သူအရာရှိ၏ အထက်အဆင့်စီမံအုပ်ချုပ်သူ ( ထပ်ဆင့်အကဲဖြတ်သူအရာရှိ) သည် လုပ်ငန်းစွမ်းဆောင်ရည်အကဲဖြတ်ခြင်း လုပ်ငန်းတစ်ခုလုံး၏ ဘက်လိုက်မှုရှိ၊ မရှိနှင့် မျှတမှုရှိ၊ မရှိကို သေချာစွာ ကြပ်မတ်ပေးပြီး အပြီးသတ် အကဲဖြတ်သူအရာရှိက အတည်ပြုလက်မှတ်ရေးထိုးနိုင်ရေး တင်ပြရမည်။ အထက်အဆင့်စီမံအုပ်ချုပ်သူ (ထပ်ဆင့်အကဲဖြတ်သူအရာရှိ) အနေဖြင့် အကဲဖြတ်သူတစ်ဦးသည် အခြားအကဲဖြတ်သူများနှင့် နှိုင်းစာလျှင် အဆင့်သတ်မှတ်မှုများတွင် ‘ တင်းကျပ်လွန်းသည်’ သို့မဟုတ် ‘ လျှော့ပေါ့လွန်းသည်’ ဟုတွေ့ရပါက ညှိနှိုင်းပြင်ဆင်ပေးနိုင်သည်။ အပြီးသတ် အကဲဖြတ်သူအရာရှိက အဆင့်သတ်မှတ်ချက်ကို ပြင်ဆင်ရန်လိုသည်ဟု ယူဆပါက အကဲဖြတ်ဝန်ထမ်း၏ ကနဦးအကဲဖြတ်သူအရာရှိနှင့် ထပ်ဆင့်အကဲဖြတ်သူ အရာရှိတို့က ဆွေးနွေးပြောဆိုရန်လိုအပ်ပြီး အထောက်အထားများဖြင့် ရှင်းလင်းတင်ပြရမည်။

၂၃။ အဆိုပါအပြောင်းအလဲများကိုဆောင်ရွက်ရန် အဆိုပြုရခြင်းမှာ စွမ်းဆောင်ရည် အကဲဖြတ် သုံးသပ်သည့်စနစ်အပေါ် ယုံကြည်မှုရှိစေရန်နှင့်ဝန်ထမ်းအနေဖြင့်လည်း ၎င်း၏ တစ်နှစ်တာ အတွင်းဆောင်ရွက်ခဲ့သည့် လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ စွမ်းဆောင်ရည်ကို သုံးသပ်နိုင်သဖြင့် လည်းကောင်း၊ လူ့စွမ်းအားအရင်းအမြစ်စနစ်များတွင် ‘အရည်အချင်းအလိုက် ချီးမြှင့်မြှောက်စားမှု’ ဖွံ့ဖြိုးတိုးတက်စေခြင်းသည် မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲရေးဆိုင်ရာ မဟာဗျူဟာ စီမံချက်၏ အရေးပါသော အခန်းကဏ္ဍဖြစ်သဖြင့်လည်းကောင်း အဆိုပြုရခြင်းဖြစ်ပါသည်။

my_MMMY