ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ဝန်ထမ်းရေးရာကိစ္စရပ်များ – Mobile

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရာထူးဝန်အဖွဲ့

အမိန့်ကြော်ငြာစာအမှတ် ၁၁၈/၂၀၂၀

၁၃၈၂ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၀ ရက် )

ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံဝန်ထမ်းဥပဒေပုဒ်မ ၇၆၊ ပုဒ်မခွဲ(ခ) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြန်တမ်းဝင်အရာရှိအဆင့် (ဦးစီးအရာရှိနှင့်အဆင့်တူရာထူး) သို့တိုးမြှင့်ခန့်ထားမည့်ဝန်ထမ်းများကို ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ စွမ်းဆောင်ရည်အကဲဖြတ်သည့်စနစ်ဖြင့် ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံဝန်ထမ်းနည်းဥပဒေများ နည်းဥပဒေ ၁၄၊ နည်းဥပဒေခွဲ(ဂ) အရ ပြန်တမ်းဝင်အရာရှိရာထူးသို့ တိုးမြင့်ခန့်အပ်ရန် ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ အဆိုပြုလာသည့် ကိစ္စရပ်များတွင် အဆိုပါအကဲဖြတ်မှတ်တမ်းများကို တစ်ပါတည်း ပူးတွဲပေးပို့နိုင်ရန်အတွက် ပြန်တမ်းဝင်အရာရှိအဆင့် (ဦးစီးအရာရှိနှင့်အဆင့်တူရာထူး) သို့တိုးမြှင့်ခန့်ထားမည့်ဝန်ထမ်းများအတွက် ရလဒ်ကိုအခြေခံသည့် စွမ်းဆောင်ရည်အကဲဖြတ်သည့်စနစ်ကို ဤအမိန့်ကြော်ငြာစာဖြင့်ထုတ်ပြန်လိုက်သည်။

(ဝင်းသိမ်း)

ဥက္ကဋ္ဌ

ပြည်ထောင်စုရာထူးဝန်အဖွဲ့

စာအမှတ်၊   ၃၁၉၃  /   ဥပဒေ   / ၁ / ၂၀၂၀

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊  ဒီဇင်ဘလ ၃၀  ရက်

အခန်း(၁)
နိဒါန်း

၁။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ နည်းဥပဒေ ၁၄၊ နည်းဥပဒေခွဲ (ဂ) နှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့နည်းဥပဒေများ နည်းဥပဒေ ၂၂ တို့အရ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများ၏ ဝန်ထမ်းအဖွဲ့အစည်းအသီးသီးရှိ ဝန်ထမ်းအမျိုးအစားအလိုက်သတ်မှတ်သည့် ပြန်တမ်းဝင်အရာရှိအဆင့် ရာထူးနှင့်စပ်လျဉ်း၍ ဌာနတွင်းမှဝန်ထမ်းများအား ရာထူးတိုးမြှင့် ခန့်အပ်နိုင်ရန် ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ အဆိုပြုညှိနှိုင်း၍ သဘောတူညီချက်ရယူပြီး ရာထူး တိုးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

အခန်း()

ရည်ရွယ်ချက်

 

၆။         ဤနိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများသတ်မှတ်ရခြင်း၏ ရည်ရွယ်ချက်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

  • (က)    ပြည်သူများအပေါ်ပိုမိုထိရောက်ကောင်းမွန်သည့် ၀န်ဆောင်မှုများ ပံ့ပိုးပေးနိုင်ရေး အတွက် စဉ်ဆက်မပြတ်ဆန်းသစ်တီထွင်ဆောင်ရွက်နိုင်သည့် နိုင်ငံ့၀န်ထမ်းကောင်း များပေါ်ထွက်လာစေရန်၊
  • ( ခ )    နိုင်ငံ့ဝန်ထမ်းများထံမှ ပြည်သူများ မျှော်လင့်သည့် ပွင့်လင်းမြင်သာမှု၊ လုပ်ငန်း ကျွမ်းကျင်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ယုံကြည်အားထားရမှုများတိုးမြှင့်လာစေရန်၊
  • ( ဂ )    နိုင်ငံ့ဝန်ထမ်းများအနေဖြင့်  ပြည်သူများအပေါ် ကောင်းမွန်သောဝန်ဆောင်မှုများ ပေးအပ်နိုင်ရေးအတွက် အထက်အောက် ဆက်ဆံရေး၊ တန်းတူဆက်ဆံရေး အဆင်ပြေချောမွေ့စေမှုနှင့် အပြန်အလှန်ယုံကြည်စေမှုတည်ဆောက်ရန်အတွက် အလုပ်ဌာန ဝန်းကျင်ကောင်း ဖန်တီးပေးနိုင်ရန်။
  • (ဃ)    ပြည်သူများကိုဝန်ဆောင်မှုပေးရာတွင် ခွဲခြားဆက်ဆံမှု၊  ဘက်လိုက်မှုမရှိဘဲ တရား မျှတစွာ ဆောင်ရွက်ပေးခြင်းအားဖြင့် ကတိကဝတ် ခိုင်မာသော နိုင်ငံ့ဝန်ထမ်းကဏ္ဍ ဖြစ်ပေါ်လာစေရန်၊
  • ( င )    နိုင်ငံ့ဝန်ထမ်းများသည် မိမိအားပေးအပ်ထားသည့် တာဝန်နှင့်ဝတ္တရားများကို ထမ်းဆောင်ရာတွင်ပြည်သူနှင့်ဆက်ဆံရာ၌ဖြစ်စေ၊ အဖွဲ့အစည်းအတွင်းနှင့် အဖွဲ့အစည်း အချင်းချင်းဆက်ဆံရာ၌ဖြစ်စေ၊ ဆုံးဖြတ်ချက်များချမှတ်ရာ၌ဖြစ်စေ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ထက်မြက်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သစ္စာရှိမှု၊ ယုံကြည်အားထားရမှု၊ သမာသမတ်ကျမှု၊ ဆက်ဆံရေးပြေပြစ်မှုနှင့် အဂတိကင်းရှင်းမှုတို့ရှိခြင်းအားဖြင့် နိုင်ငံ့ဝန်ထမ်းကဏ္ဍမြင့်မားလာစေရန်၊
  • ( စ )    အများပြည်သူနှင့်သက်ဆိုင်သော သဘာဝအရင်းအမြစ်နှင့် ရုပ်ပိုင်းဆိုင်ရာ အရင်းအမြစ်များကို ရေရှည်တည်တံ့ခိုင်မြဲအောင် တာဝန်ယူထိန်းသိမ်းစောင့်ရှောက် သွားရန်၊
  • (ဆ)  ကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးသတ်မှတ်ချက်များကို နိုင်ငံ့ဝန်ထမ်းများက လိုက်နာခြင်း အားဖြင့် ပြည်သူများအားလုံး ပါဝင်မှုရှိသော၊ တန်းတူညီမျှမှုရှိသော ခိုင်မာအားကောင်း သည့် ဒီမိုကရေစီအသိုက်အဝန်းတစ်ရပ် ဖြစ်ပေါ်လာစေရန်၊

အခန်း()

နိုင်ငံ့ဝန်ထမ်းများထားရှိရမည့်စံတန်ဖိုးသတ်မှတ်ချက်များ

၇။         နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်နှင့် အခြားသောအဖွဲ့အစည်းဆိုင်ရာကျင့်ဝတ်များသည် နိုင်ငံ့ ဝန်ထမ်းကဏ္ဍစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသောအစိတ်အပိုင်းတစ်ရပ် ဖြစ်ပါသည်။ အဖွဲ့အစည်းအလိုက်ချမှတ်ထားသည့်မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် လုပ်ဆောင်ချက်များ၊ ဆုံးဖြတ်ချက်များချမှတ်ဆောင်ရွက်ရာ တွင် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်စံတန်ဖိုးများသည်ဝန်ထမ်းများကို များစွာအထောက်အကူပြုပါသဖြင့် အောက်ပါ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်စံတန်ဖိုးသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရပါမည်-

  • (က)    ပြည်သူဗဟိုပြုနိုင်ငံ့ဝန်ထမ်းများဖြစ်ရန် ကတိကဝတ်ပြုခြင်း၊
  • ( ခ )    လုပ်ငန်းတာဝန်များကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် တိကျ မှန်ကန် မြန်ဆန် ထိရောက်စွာ ဆောင်ရွက်ခြင်း၊
  • ( ဂ )    ဆန်းသစ်တီထွင်နိုင်မှုနှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ရှိခြင်း၊
  • (ဃ)    ရိုးသားဖြောင့်မတ်ခြင်း၊  ဂုဏ်သိက္ခာရှိခြင်းနှင့်ယုံကြည်ထိုက်ခြင်း၊
  • ( င )    ထူးချွန်ပြောင်မြောက်မှုနှင့် အတတ်ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုရှိခြင်း၊
  • ( စ )    အားလုံးပါဝင်၍ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုရှိခြင်း၊
  • (ဆ)    ဘက်လိုက်မှုကင်းခြင်း၊ အဂတိကင်းရှင်းခြင်း၊ တရားမျှတစွာဆောင်ရွက်မှုရှိခြင်း၊
  • ( ဇ )    ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိခြင်း။

အခန်း()

ပြည်သူဗဟိုပြုနိုင်ငံ့ဝန်ထမ်းများဖြစ်လာစေရန်ကတိကဝတ်ပြုခြင်း

၈။         နိုင်ငံ့ဝန်ထမ်းများသည်-

  • (က)    ပြည်သူများ၏အကျိုးစီးပွားကို ရှေးရှု၍ အလေးထားဆောင်ရွက်ရမည်။
  • ( ခ )    သဘာဝသယံဇာတအရင်းအမြစ်များ လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး ထိန်းသိမ်း စောင့်ရှောက်ရမည်။
  • ( ဂ )    ပြည်သူများ၏ လိုအပ်ချက်ကို မဆိုင်းမတွ တုံ့ပြန်ဖြည့်ဆည်းပေးနိုင်ရေးနှင့် တန်းတူ ညီမျှမှုရှိစေရေးတို့အတွက် ပြည်သူ့ဝန်ဆောင်မှုစံနှုန်းများ မြင့်မားစေရေးတို့ကို ဆောင်ရွက်ရမည်။
  • (ဃ)   လူမျိုး၊ ဘာသာ၊ အဆင့် အတန်း၊ ကျား/ မ ခွဲခြားမှုမရှိဘဲ ပြည်သူများ၏ လုပ်ငန်း ကိစ္စရပ်များဆောင်ရွက်ရာတွင် စာနာမှု၊ ပြည်သူကိုရိုသေလေးစားမှုနှင့်အတူ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရမည်။
  • ( င )    ပြည်သူများ၏ ယုံကြည်မှုကို ရရှိစေရန်နှင့် အနာဂတ်မျိုးဆက်သစ်များအတွက် စံပြ ဖြစ်နေစေရန် မိမိ၏ပြုမူဆောင်ရွက်ချက်များကို ကောင်းမွန်သော ရလဒ်ရရှိရေး သုံးသပ်စဉ်းစားဆောင်ရွက်ရမည်။
  • ( စ )    နိုင်ငံတော်နှင့် အများပြည်သူတို့၏ အကျိုးစီးပွားအတွက် ကောင်းမြတ်သည့် စိတ်စေတနာ၊ ကိုယ်ကျင့်တရားတို့ဖြင့် ထိန်းသိမ်းစောင့်ရှောက်ရမည်။
  • (ဆ)    ပြည်သူ့အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေမည့် အပြုအမူများကို ရှောင်ကြဉ်ရမည်။

အခန်း()

လုပ်ငန်းတာဝန်များကိုဇွဲ၊ လုံလ၊ ဝီရိယဖြင့် တိကျမှန်ကန် မြန်ဆန်ထိရောက်စွာဆောင်ရွက်ခြင်း

 

၉။         နိုင်ငံ့ဝန်ထမ်းများသည်-

  • (က)    ဝန်ထမ်းအချင်းချင်း၊ ဌာနအဖွဲ့အစည်းအချင်းချင်း ထိရောက်စွာချိတ်ဆက် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရမည်။
  • ( ခ )   ပေးအပ်သောတာဝန်နှင့်ဝတ္တရားများကိုလိုလားစွာဖြင့် ထိုးထွင်းကြံဆ၍ အချိန်နှင့် တစ်ပြေးညီ မှန်ကန်ပြီးမြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်။
  • ( ဂ )     မိမိလုပ်ငန်းတာဝန်နှင့် နှီးနွှယ်ဆက်စပ်နေသည့် ပညာရပ်ဆိုင်ရာနယ်ပယ်များတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည်။
  • (ဃ)    လုပ်ငန်းတာဝန်များကို အမှားအယွင်းမရှိစေရန် တိကျသေချာစွာ အလေးအနက်ထား ဆောင်ရွက်ရမည်။

အခန်း()

ဆန်းသစ်တီထွင်နိုင်မှုနှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ရှိခြင်း

 

၁၀။       နိုင်ငံ့ဝန်ထမ်းများသည်-

  • (က)    နိုင်ငံတော်နှင့် အဖွဲ့အစည်း၏ တိုးတက်ရေးကိုရှေးရှု၍  အရည်အချင်းပြည့်ဝနေစေရန် စဉ်ဆက်မပြတ် လေ့လာဆည်းပူးမှတ်သားနိုင်စွမ်းရှိရမည်။
  • ( ခ )     မိမိတို့၏ လုပ်ငန်းခွင်အတွေ့အကြုံများနှင့် အတတ်ပညာပိုင်းဆိုင်ရာဗဟုသုတများကို ပြန်လည်မျှဝေ ပေးနိုင်စွမ်းရှိရမည်။
  • ( ဂ )     မိမိအဖွဲ့အစည်းအတွက် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုရှိရမည့်အပြင် ခေတ်နှင့် လျော်ညီသည့် အတတ်ပညာနှင့် ဆန်းသစ်တီထွင်နိုင်သည့် အတွေးအခေါ်ရှိရမည်။
  • (ဃ)    လုပ်ငန်းခွင်အခက်အခဲများကို သမားရိုးကျမဟုတ်ဘဲ ထိရောက်လျင်မြန်သော နည်းလမ်းကောင်းများဖြင့် အောင်မြင်စွာ ကြံဆဖြေရှင်းနိုင်စွမ်းရှိရမည်။
  • ( င )    နက်ရှိုင်းကျယ်ပြန့်စွာ ထိုးထွင်းသိမြင်ပြီး စဉ်းစားတွေးခေါ် ဆောင်ရွက်နိုင်စွမ်း ရှိရမည်။
  • ( စ )    ဖြတ်ထိုးဉာဏ်ကောင်း၍ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိရမည်။

အခန်း()

 ရိုးသားဖြောင့်မတ်ခြင်း၊ ဂုဏ်သိက္ခာရှိခြင်းနှင့်ယုံကြည်ထိုက်ခြင်း

 

၁၁။       နိုင်ငံ့ဝန်ထမ်းများသည် –

  • (က) ပြည်သူကိုဝန်ဆောင်မှုပေးရာတွင် ရိုးသားဖြောင့်မတ်မှုရှိရမည်။
  • ( ခ )  ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်သိက္ခာကို အကောင်းဆုံးစောင့်ထိန်းရမည်။
  • ( ဂ )  တာဝန်အရအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်းနှင့် မလျော်ဩဇာ သုံးခြင်းတို့မှ ရှောင်ကြဉ်ရမည်။
  • (ဃ) နိုင်ငံတော်ပိုင်ပစ္စည်း၊ နိုင်ငံတော်ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် အလွဲ သုံးစားမှုမပြုရေးတို့အတွက် ထိန်းသိမ်းစောင့်ရှောက်ရမည်။
  • ( င )  အစိုးရနှင့်ပြည်သူများအကြား ကောင်းမွန်သောယုံကြည်မှုကို တည်ဆောက်ထိန်းသိမ်း နိုင်ရေး ဦးတည်ကြိုးပမ်းရမည်။
  • ( စ ) ရာထူး၊ ဌာန၊ လုပ်ငန်းတာဝန်များနှင့်ဆက်စပ်၍ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စရပ်များ ရောထွေးမှုမရှိစေရေး စောင့်ထိန်းရမည်။
  • (ဆ) လုပ်ငန်းခွင်အတွင်း အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်ရမည်။
  • ( ဇ )  လုံခြုံမှုအဆင့်အတန်း သတ်မှတ်ထားသည့် သတင်းအချက်အလက်များ ပေါက်ကြားမှု မရှိစေရေး အထူးသတိပြု ထိန်းသိမ်းရမည်။
  • ( ဈ ) ရိုးသားဖြောင့်မတ်ပြီး နိုင်ငံတော်၊  မိမိဌာနအဖွဲ့အစည်းနှင့် ပြည်သူတို့အပေါ် သစ္စာရှိရ မည်။
  • (ည)  ဌာနအဖွဲ့အစည်းက ယုံကြည်စိတ်ချစွာတာဝန်ပေးအပ်နိုင်သူဖြစ်ရမည်။
  • ( ဋ ) ဝန်ထမ်းအချင်းချင်း၏ ယုံကြည်လေးစား အားကိုးထိုက်သူဖြစ်ရမည်။
  • ( ဌ )  မိမိဌာနအဖွဲ့အစည်းနှင့် ဝန်ထမ်းအချင်းချင်းအပေါ် အထင်အမြင်လွဲမှားစေမည့် အနေအထိုင်၊ အပြုအမူ၊ အပြောအဆိုတို့ကို ရှောင်ကြဉ်ရမည်။
  • ( ဍ ) ဌာနအဖွဲ့အစည်းဆိုင်ရာ သတင်းအချက်အလက်များကို ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုခြင်းမှ ရှောင်ကြဉ်ရမည်။
  • ( ဎ ) မိမိ၏အခွင့်အာဏာနှင့်ဆက်နွှယ်၍ မည်သည့်စီးပွားရေး လုပ်ငန်းများတွင်မျှ ကိုယ်ကျိုး စီးပွားပါဝင်ပတ်သက်ခြင်းမပြုရ။

အခန်း()

ထူးချွန်ပြောင်မြောက်မှုနှင့်အတတ်ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုရှိခြင်း

 

၁၂။       နိုင်ငံ့ဝန်ထမ်းများသည် –

  • (က) ခေါင်းဆောင်မှုဆိုင်ရာအရည်အသွေးများနှင့် စီမံခန့်ခွဲမှုစွမ်းရည်များ မြင့်မားလာစေရေး အတွက် စဉ်ဆက်မပြတ် လေ့လာဆည်းပူးရမည်။
  • ( ခ )  အများပြည်သူဆိုင်ရာ မူဝါဒများနှင့် အစီအစဉ်များကို အရည်အချင်းပြည့်ဝစွာဖြင့် ချမှတ်အကောင်အထည်ဖော်နိုင်ရေး လေ့လာဆည်းပူးရမည်။
  • ( ဂ )  ပြည်သူကိုဝန်ဆောင်မှုပေးရာတွင် အမြင့်မားဆုံးသော ကျွမ်းကျင်မှုဆိုင်ရာအရည်အချင်း များဖြင့် စွမ်းဆောင်ရည်ပြည့်ဝစွာ ဆောင်ရွက်ပေးရမည်။
  • (ဃ) လုပ်ငန်းခွင်အတွင်း ပူးပေါင်းဆောင်ရွက်တတ်စေရေးနှင့် တာဝန်ထမ်းဆောင်မှုနှင့် စွမ်းဆောင်ရည်အခြေပြု စံသတ်မှတ်ချက်များအပေါ် အခြေခံ၍ ကျွမ်းကျင်မှု အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်မှုရှိစေရေးအတွက် လေ့လာဆည်းပူးရမည်။
  • ( င )  ခေတ်မီဆက်သွယ်ရေးနည်းပညာများကို တတ်သိနားလည်ပြီး အသုံးချနိုင်စွမ်းရှိရမည်။
  • ( စ )  နိုင်ငံတော်နှင့် ဌာနအဖွဲ့အစည်းများမှ ထုတ်ပြန်သည့် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လေ့လာဆည်းပူးရမည်။
  • (ဆ) ကြီးကြပ်ကွပ်ကဲမှုအနည်းဆုံးဖြင့် လုပ်ငန်းတာဝန်များကိုအောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်နိုင်သူဖြစ်ရမည်။
  • ( ဇ )  မိမိရာထူးအဆင့်အလိုက် ထမ်းဆောင်ရမည့်လုပ်ငန်းတာဝန်များကို ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရမည့်အပြင် လုပ်ဖော်ကိုင်ဖက်များကိုလည်း ကျွမ်းကျင်မှုရှိစေရန် ပံ့ပိုးကူညီပေးရမည်။
  • ( ဈ ) အရည်အချင်းပြည့်ဝနေစေရန် စဉ်ဆက်မပြတ် လေ့လာဆည်းပူး မှတ်သားဆောင်ရွက် ရမည်။

my_MMMY