ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ဝန်ထမ်းရေးရာကိစ္စရပ်များ – Mobile

ကရုဏာကြေး

၆၈။ (က) ရာထူးမှထုတ်ပယ်ခြင်းခံရသည့်ဝန်ထမ်းသည် တည်ဆဲ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကရုဏာ ကြေးကို လျှောက်ထားခွင့်ရှိသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ၂၁၀၊ နည်းဥပဒေခွဲ (ဇ) (၁)

( ခ ) အပိုဒ်ခွဲ(က)အရ ကရုဏာကြေးလျှောက်ထားသည့် ဝန်ထမ်းအား အထူးသက်ညှာစွာစဉ်းစားထိုက်သည့်ကိစ္စ ဖြစ်၍ သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းအကြီးအမှူးမှ ထောက်ခံပြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ခွင့်ပြုလျှင် ကရုဏာကြေး ခံစားခွင့်ရှိသည်။

လုပ်သက်ဆုငွေ၊ ပင်စင်လစာအကျိုးခံစားခွင့်အခြေပြဇယား

၆၉။ အငြိမ်းစားယူသောအခါရနိုင်မည့် လုပ်သက်ဆုငွေနှင့် ပင်စင်လစာကို အောက်ပါတွက်နည်းအတိုင်း ခံစားခွင့်ရှိသည်-နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၄၆

အငြိမ်းစားဆုငွေနှင့် ပင်စင်လစာတွက်နည်း

လုပ်သက်ဆုငွေခံစားခွင့်ရှိသည့် လုပ်သက် (၅)နှစ် မပြည့်သည့်ကိစ္စ – လုပ်သက်ဆုငွေ= (န x လ x ၁၀ဝ%)

 

လုပ်သက်ဆုငွေခံစားခွင့်ရှိသည့်လုပ်သက် (၅) နှစ်ပြည့်ပြီး (၁၀) နှစ် မပြည့်သေးသည့်ကိစ္စ

လုပ်သက်ဆုငွေ= (န x လx ၁၅၀%)

 

ပင်စင်အကျိုးခံစားခွင့်ရှိသည့် လုပ်သက် ၁၀ နှစ်နှင့် အထက်ရှိသည့်ကိစ္စ

(က) လုပ်သက်ဆုငွေ= (န x လ x ၅၀%)

( ခ ) ပင်စင်လစာ = (နx လx၁.၅%)

 

အညွှန်း။        ။ န= ပင်စင်ခံစားခွင့်ရှိသောလုပ်သက်နှစ်

လ= ပင်စင်မယူမီ နောက်ဆုံးထုတ်လစာ

၇၀။  အငြိမ်းစားမယူမီ ကွယ်လွန်လျှင် လုပ်သက်ဆုငွေနှင့် ပင်စင် လစာကို အောက်ပါတွက်နည်းအတိုင်း ခံစားခွင့်ရှိသည်-နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၅၀ (က)၊ (၁) (၂) (၃) (၄)

 

အငြိမ်းစားမယူမီ ကွယ်လွန်လျှင် ဆုငွေနှင့်ပင်စင်လစာတွက်နည်း

 

(၁)     လုပ်သက်ဆုငွေခံစားခွင့်ရှိသည့် လုပ်သက် တစ်နှစ်ပြည့်ပြီး ငါးနှစ် အောက် – လုပ်သက်ဆုငွေ= (နောက်ဆုံးထုတ်လစာxလုပ်သက်နှစ်)

(၂)     လုပ်သက်ဆုငွေခံစားခွင့်ရှိသည့် လုပ်သက်ငါးနှစ်ပြည့်ပြီး ဆယ်နှစ် အောက် – လုပ်သက်ဆုငွေ – (နောက်ဆုံးထုတ်လစာx၁၂)

(၃)     ပင်စင်အကျိုးခံစားခွင့်ရှိသည့် လုပ်သက် ၁၀ နှစ် နှင့်အထက်

(က)   လုပ်သက်ဆုငွေ= လုပ်သက်နှစ် x နောက်ဆုံး ထုတ်လစာ x  ၁/ ၂                သို့မဟုတ် (နောက်ဆုံးထုတ်လစာx၁၂) (များရာခံစားခွင့်ရှိသည်။)

( ခ )   ဇနီး၊ ခင်ပွန်းအတွက်မိသားစုပင်စင်= (လုပ်သက်နှစ်x နောက်ဆုံးထုတ်လစာ x ၁.၅% x ၃/၄  )

( ဂ )   အခြားမိသားစုဝင်များအတွက်မိသားစုပင်စင်= (လုပ်သက်နှစ် x နောက်ဆုံးထုတ်လစာx  ၁.၅%x     ၁ /၂ )

အခန်း (၆)

အထွေထွေ

၇၁။    နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ ရည်မှန်း ချက်၊ လုပ်ငန်းစဉ်များအပေါ်တည်မှီပြီး နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပေးအပ်သည့် တာဝန်များကို မိမိတို့ကျရာကဏ္ဍမှ တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် ဆတက်ထမ်းပိုးထမ်းဆောင် သွားကြရန် လိုအပ်ပါသည်။

၇၂။ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေ များပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဝန်ထမ်းမှုဆိုင်ရာခံစားခွင့်များ ဖြစ်သည့် ရာထူးတိုးမြှင့်ခြင်းခံစားခွင့်၊ ပညာလေ့လာဆည်းပူးခွင့်၊ ဆေးစစ်ခံယူမှုနှင့်ဆေးကုသမှုခံယူခွင့်၊ မီးဖွားခွင့်၊ အမျိုးသား ဝန်ထမ်းများအတွက် ကလေးပြုစုစောင့်ရှောက်ခွင့်၊ အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့်နှင့် ပင်စင်ခံစားခွင့် စသည်တို့ကို ရရှိခံစားရသကဲ့သို့ မိမိထမ်းဆောင်ရမည့်တာဝန်များ၊ လိုက်နာရမည့်စည်းကမ်းများ၊    စောင့်ထိန်းရမည့်ကျင့်ဝတ်များကိုလည်း မမှိတ်မသုန် လိုက်နာဆောင် ရွက်ရမည်ဖြစ်ပါသည်။

၇၃။ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ရာတွင် ဤဝန်ထမ်းကျင့်ဝတ်စာစောင်သည် အထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်းဖော်ပြအပ်ပါသည်၊

၇၄။   ၂၀ဝ၄ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ဝန်ထမ်းကျင့်ဝတ်စာစောင်ကို ဤဝန်ထမ်းကျင့်ဝတ် (၂၀၁၇ ခုနှစ်) စာစောင်    ဖြင့် ပယ်ဖျက်လိုက်သည်

 

နောက်ဆက်တွဲများ

 

နောက်ဆက်တွဲ (က)

 

မှီငြမ်းကိုးကားသည့် ဥပဒေ၊ နည်းဥပဒေများ၊

  • (က) နိုင်ငံ့ဝန်ထမ်းဥပဒေ (Civil Services Personnel Law)
  • ( ခ ) နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ (Civil Service Personnel Rules)
  • ( ဂ ) နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ
  • (ဃ)   နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ
  • (င)     အစိုးရဝန်ထမ်းများ ကျင့်ဝတ်နည်းဥပဒေ (Government Servant’s Conduct Rules)

 

ဝန်ထမ်းဝေါဟာရအဓိပ္ပာယ်များ
စဉ် အင်္ဂလိပ် မြန်မာစာ
၁။ Advance Increment ကြိုတင်နှစ်တိုး
၂။ Appointment ခန့်ထားခြင်း
၃။ Appointing Authority ခန့်ထားပိုင်ခွင့်ရှိသူ
၄။ Apprentice အလုပ်သင်
၅။ Casual Leave ရှောင်တခင်ခွင့်
၆။ Caution သတိပေးခြင်း
၇။ Charge စွဲချက်
၈။ Compassionate Allowance ကရုဏာကြေး
၉။ Compensation Pension လျော်ကြေးပင်စင်
၁၀။ Conditions during working hours အလုပ်ချိန်စည်းကမ်း
၁၁။ Conditions of workplace အလုပ်ခွင်စည်းကမ်း
၁၂။ Condonation of Deficiencies လုပ်သက်ကာလဖြည့်စွက်ခြင်း
၁၃။ Condonation of Interruptions လုပ်သက်ကာလဆက်စပ်ခြင်း
၁၄။ Conduct ကျင့်ဝတ်
၁၅။ Corruption အဂတိလိုက်စားမှု
၁၆။ Departmental Action ဌာနဆိုင်ရာအရေးယူခြင်း
၁၇။ Departmental Enquiry ဌာနဆိုင်ရာစုံစမ်းစစ်ဆေးခြင်း
၁၈။ Departmental Enquiry Procedures ဌာနဆိုင်ရာစုံစမ်းစစ်ဆေး ရေးလုပ်ထုံးလုပ်နည်းများ
၁၉။ Deputation နိုင်ငံခြားသို့တာဝန်ဖြင့်စေလွှတ်ခြင်း
၂၀။ Discipline စည်းကမ်း
၂၁။ Dismissal from the being services personnel ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း
၂၂။ Dismissing Authority အလုပ်ထုတ်ပိုင်ခွင့်ရှိသူ
၂၃။ Duty တာဝန်
၂၄။ Earned Leave လုပ်သက်ခွင့်
၂၅။ Emolument ချီးမြှင့်ငွေ
၂၆။ Extraordinary Leave without Pay လစာမဲ့ခွင့်
၂၇။ Extraordinary Pension အထူးပင်စင်
၂၈။ Family Pension မိသားစုပင်စင်
၂၉။ Fee အခကြေးငွေ
၃၀။ Gratuity လုပ်သက်ဆုငွေ
၃၁။ Head of the Ministry and  the Organization ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး
၃၂။ Head of Service Personnel Organization ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး
၃၃။ Hospital Leave ဆေးရုံခွင့်
၃၄။ Increment နှစ်တိုး
၃၅။ Initial Pay ကနဦးလစာ
၃၆။ Invalid Pension နာမကျန်းပင်စင်
၃၇။ Lien ရာထူးအနွယ်
၃၈။ Long Vacation အားလပ်ရက်ရှည်
၃၉။ Maternity Leave မီးဖွားခွင့်
၄၀။ Maximum Pay အမြင့်ဆုံးလစာ
၄၁။ Medical Leave ဆေးလက်မှတ်ခွင့်
၄၂။ Minimum Pay အနိမ့်ဆုံးလစာ
၄၃။ Pay and Allowance လစာနှင့် စရိတ်
၄၄။ Pay-scale လစာနှုန်း
၄၅။ Point of Entry ဝင်ပေါက်ရာထူး
၄၆။ Preliminary Enquiry ရှေးဦးစုံစမ်းမှု
၄၇။ Provisions for Deputation ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင် ခြင်းဆိုင်ရာပြဋ္ဌာန်းချက်
၄၈။ Probation အစမ်းခန့်ထားခြင်း
၄၉။ Promotion ရာထူးတိုးမြှင့်ခြင်း
၅၀။ Quarantine Leave ကူးစက်ရောဂါကာကွယ် ခွင့်
၅၁။ Recovery from Pay လစာမှပေးလျော်စေခြင်း
၅၂။ Recruitment လူသစ်ရွေးချယ်ခြင်း
၅၃။ Reduction to a Lower Post ရာထူးအဆင့်လျှော့ချခြင်း
၅၄။ Reduction of Pay within Pay scale လစာနှုန်းအတွင်း လစာ လျှော့ချခြင်း
၅၅။ Regional Allowance ဒေသစရိတ်
၅၆။ Removal from the Post ရာထူးမှထုတ်ပယ်ခြင်း
၅၇။ Resumption of Duties ပြန်လည်တာဝန်ထမ်း ဆောင်စေခြင်း
၅၈။ Retirement အငြိမ်းစားယူခြင်း
၅၉။ Retiring Pension နှစ်ပြည့်ပင်စင်
၆၀။ Right of Appeal အယူခံပိုင်ခွင့်
၆၁။ Seamen’s Sick Leave သင်္ဘောသားနာမကျန်းခွင့်
၆၂။ Special Disability Leave အထူးမစွမ်းမသန်ခွင့်
၆၃။ Superannuation Pension သက်ပြည့်ပင်စင်
၆၄။ Suspension တာဝန်မှယာယီရပ်ဆိုင်းခြင်း
၆၅။ Termination ရာထူးမှရပ်စဲခြင်း
၆၆။ Time-scale Pay ချိန်နှုန်းလစာ
၆၇။ Training လေ့ကျင့်ခြင်း
၆၈။ Withholding of Increment နှစ်တိုးရပ်ဆိုင်းခြင်း
၆၉။ Withholding of Promotion ရာထူးတိုးမြှင့်ခြင်းကို ရပ်ဆိုင်းခြင်း

၄။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၁၀-၁-၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃/၂၀၁၇ ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

 

(ဝင်းသိမ်း)
ဥက္ကဋ္ဌ
ပြည်ထောင်စုရာထူးဝန်အဖွဲ့

စာအမှတ်၊ ၈၆ /၂/၃-ဥပဒေ / ၁ /(၆) /ဝထရ – ၂၀၂၀
ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၉ ရက်

 

နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ

(၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရာထူးဝန်အဖွဲ့

အမိန့်ကြော်ငြာစာအမှတ်၊၄၃/၂၀၂၁

၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်ကျော်  ၃  ရက်

(၂၀၂၁ ခုနှစ်၊ မေလ  ၂၈ ရက်)

ပြည်ထောင်စုရာထူးဝန်အဖွဲ့သည်ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ ပုဒ်မ ၂၇၊ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ်(၆/၂၀၂၁) သဘောတူညီချက်ဖြင့် ဤ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများ(Ethical Values for Civil Service Personnel)ကို ထုတ်ပြန်လိုက်သည်။

 နိဒါန်း

၁။         ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ ပြည်ထောင်စုအဆင့်တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အဆင့်ဆင့်တွင် ဝန်ထမ်းအမျိုးအစားအလိုက် သတ်မှတ်ထားရှိသည့် ရာထူးအသီးသီး၌ တာဝန်ထမ်းဆောင်လျက်ရှိကြသော နိုင်ငံ့ဝန်ထမ်းများသည် တည်ဆဲဥပဒေများ နှင့်အညီ နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။    နိုင်ငံ့ဝန်ထမ်းဆိုင်ရာ သတ်မှတ်ချက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၌ ပြဋ္ဌာန်းထားပြီးဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အတတ်ပညာရပ်ဆိုင်ရာပြည့်စုံပြီး ဘက်လိုက်မှုကင်းရှင်းသော ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကောင်းမွန်သော အုပ်ချုပ်မှု၊ ဒီမိုကရေစီစံနှုန်းများနှင့် ပြည့်စုံရန်လိုအပ်ပါသည်။ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးကင်းရှင်းပြီး အဂတိလိုက်စားမှု ကင်းစင်ရမည့်အပြင် မိမိတို့အား ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို                 ထမ်းဆောင်ရာတွင် လိုအပ်သည့် ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်းများနှင့်လည်း ပြည့်စုံရန်လိုအပ်ပါသည်။

၂။       ထို့အတူ မိမိတို့အား ပေးအပ်ထားသည့်တာဝန်၊ ဝတ္တရားများနှင့်အညီ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ရာ၌ တာဝန်ကျေပွန်စွာထမ်းဆောင်မှု၊ ရိုးဖြောင့်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်ဆောင်ရွက်မှု၊ သာတူညီမျှမှု၊ တန်းတူညီတူရှိမှု၊ ဘက်လိုက်ခြင်း ကင်းမှု စသည့်အချက်များနှင့်ပြည့်စုံပါက ကျင့်ဝတ်သိက္ခာနှင့်ပြည့်စုံသည့် နိုင်ငံ့ဝန်ထမ်းကဏ္ဍတစ်ခု ပေါ်ထွန်းလာမည်ဖြစ်ပါသည်။

၃။       ဤနိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးသတ်မှတ်ချက်များသည် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၂၊ ပုဒ်မခွဲ (င) အရ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် တိုက်ရိုက် သက်ဆိုင်ခြင်း မရှိပါ။

၄။       ဤနိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုး သတ်မှတ်ချက်များသည် ယခင်ပြဋ္ဌာန်းထားရှိသော နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်း များတွင် ကျင့်သုံးလျက်ရှိသော စံနမူနာကောင်းများကို အခြေခံ၍ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း အသီးသီးရှိ တာဝန်ရှိသူများနှင့် ပူးပေါင်းညှိနှိုင်း ရေးဆွဲခဲ့ခြင်းဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းတိုင်း သိရှိလိုက်နာ စောင့်ထိန်းရမည့်  အဓိကစံတန်ဖိုးများပင်ဖြစ်ပါသည်။

၅။       သို့ဖြစ်ရာ နိုင်ငံ့ဝန်ထမ်းများသည် သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်း၊ ဝန်ထမ်းအမျိုးအစား အလိုက် လုပ်ငန်းသဘာဝအလျောက် သတ်မှတ်ထားသည့် ကျင့်ဝတ်နှင့် စည်းကမ်းများကို လိုက်နာ ရမည့်အပြင် ဤနိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးသတ်မှတ်ချက်များကိုလည်း စောင့်ထိန်း လိုက်နာရမည်ဖြစ်ပါသည်။

my_MMMY