ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

စွမ်းဆောင်ရည်အဆင့်သတ်မှတ်ချက်များနှင့် ထည့်သွင်းစဉ်းစားရမည့်အချက်များ

စွမ်းဆောင်ရည်အဆင့်သတ်မှတ်ချက်များနှင့် ထည့်သွင်းစဉ်းစားရမည့်အချက်များ

၁၄။ ဝန်ထမ်း၏ လုပ်ငန်းတာဝန်များစွမ်းဆောင်မှုအပေါ် အဆင့်သတ်မှတ်ရာတွင် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ ၃၅၊ နည်းဥပဒေခွဲ (ဇ) ပါ ပြဋ္ဌာန်းချက်နှင့်အညီ သာမန်အောက်၊ သာမန်၊ သာမန်အထက်၊ထူးချွန်အဆင့်ဟူ၍ အဆင့်(၄)ဆင့်သတ်မှတ်ရမည်။ အကဲဖြတ်သူအရာရှိသည် တစ်နှစ်တာအတွင်း လုပ်ငန်းစွမ်းဆောင်မှုများအားလုံးကိုခြုံငုံ၍ အဆင့်သတ်မှတ်ချက်တစ်ခုကိုသာ ပေးရပါမည်။ အကဲဖြတ်ခံဝန်ထမ်းအား လုပ်ငန်းတာဝန်များ ဆောင်ရွက်ခဲ့မှုအပေါ် တိုးတက်မှုရှိ-မရှိကို အသိပေး၍ တိုးတက်အောင်ဆောင်ရွက်နိုင်မည့် အစီအစဉ်ကို ရေးဆွဲရမည်။

၁၅။ လုပ်ငန်းစွမ်းဆောင်ရည်ကို ‘အဆင့်သတ်မှတ်’ရာတွင် အဆင့်သတ်မှတ်သူ၏ ထင်မြင်ယူဆချက်များ အတိုင်းအတာတစ်ခုအထိ ပါဝင်မည်ဖြစ်သည်။ အချို့လုပ်ငန်းတာဝန်များမှာ ပြည့်မီပြီး အချို့မှာမူ ဝန်ထမ်းအနေဖြင့် စီမံထိန်းချုပ်ရန်မစွမ်းသာသည့် ခိုင်လုံသောအကြောင်းတရားများကြောင့် ပြည့်မီမှုမရှိခြင်းများလည်း ရှိနိုင်သည်။ အချို့လုပ်ငန်းတာဝန်များသည် အရေးပါပြီးအလုပ်၏ ၈၀% သည် ထိုလုပ်ငန်းတာဝန် ပြီးမြောက်အောင်မြင်ရေးအတွက် လုပ်ဆောင်ရခြင်းဖြစ်နိုင်ပြီး အချို့လုပ်ငန်းတာဝန် များမှာမူ ထိုမျှလောက် အရေးမပါခြင်းများလည်း ရှိနိုင်သည်။ အချို့လုပ်ငန်းတာဝန်များသည် ပြည့်မီအောင် လုပ်ဆောင်ရန် ‘လွယ်ကူကြောင်း’ တွေ့ရပြီး အချို့မှာမူ များစွာပိုမိုခက်ခဲသည်ကို တွေ့ရနိုင်သည်။

၁၆။ တစ်နှစ်တာကာလအတွက် စွမ်းဆောင်ရည်အဆင့်ကိုသတ်မှတ်ရာတွင် အောက်ပါအချက် များကို ထည့်သွင်းစဉ်းစားရမည် –

  • (က) တစ်နှစ်တာအတွင်းအဓိကဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၊
  • ( ခ ) ရံဖန်ရံခါ လုပ်ဆောင်မှုများထက် တစ်နှစ်ပတ်လုံး တစ်သမတ်တည်း စွမ်းဆောင် နိုင်မှုများ၊
    ( ဂ ) အကဲဖြတ်ခံဝန်ထမ်း၏ ဆောင်ရွက်မှုများကိုသာမက ဆောင်ရွက်ခဲ့သည့်နည်းလမ်း များနှင့် ဖြစ်ပေါ်ခဲ့သည့် အကျိုးသက်ရောက်မှုများ။

my_MMMY