ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ(၁၁-၉-၂၀၂၀) နည်းဥပဒေ(၄၄)
၄၄။ အဖွဲ့သည် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက အဆိုပြုညှိနှိုင်းလာသည့် ပြင်ပဝန်ထမ်း စည်းကမ်းချက်များအား သဘောတူခွင့်ပြုရာတွင် အောက်ဖော်ပြပါအချက်များကို စိစစ်ရမည်-
- (က) လွှဲပြောင်းတာဝန်ထမ်းဆောင်မည့် နိုင်ငံ သို့မဟုတ် အဖွဲ့အစည်းနှင့် တာဝန်တို့ကို ဖော်ပြထားခြင်းရှိ မရှိ၊
- ( ခ ) လွှဲပြောင်းတာဝန်ထမ်းဆောင်မည့် ကာလကို တိကျစွာဖော်ပြထားခြင်းရှိ မရှိ၊
- ( ဂ ) ဝန်ထမ်းသည် ပြင်ပအဖွဲ့အစည်းသို့ လွှဲပြောင်းပေးသည့်နေ့မှစ၍ မိခင်ဌာနမှ ရာထူး လစာကို ခံစားခွင့်မရှိကြောင်း ဖော်ပြထားခြင်း ရှိ မရှိ၊
- (ဃ) ပင်စင်ထည့်ဝင်ကြေးကို ခေါ်ယူခန့်ထားသည့် သက်ဆိုင်ရာဝန်ကြီးဌာန သို့မဟုတ် အဖွဲ့အစည်းက နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေသို့ သတ်မှတ်ထားသောနှုန်းအတိုင်း ပေးသွင်းခြင်းမပြုပါက ဝန်ထမ်းကိုယ်တိုင်က ပေးသွင်းရမည်ကိုဖော်ပြထားခြင်းရှိ မရှိ၊
- ( င ) ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်သည့် ကာလအတွက် ခွင့်စုဆောင်းခွင့်မပြုပါက ခွင့်လစာထည့်ဝင်ကြေး ပေးသွင်းရန်မလိုကြောင်း ဖော်ပြထားခြင်း ရှိ မရှိ၊
- ( စ ) ဝန်ထမ်း၏ မူလရာထူးနေရာတွင် ယာယီအစီအစဉ်ဖြင့် လူစားခန့်ထားခွင့်ရှိကြောင်း ဖော်ပြထားခြင်း ရှိ မရှိ၊
- (ဆ) ပြင်ပဝန်ထမ်း တာဝန်ထမ်းဆောင်ခွင့်ပြုသည့်ကာလသည် ဝန်ထမ်း၏သက်ပြည့် အငြိမ်းစားယူရမည့်နေ့ထက်ကျော်လွန်ခြင်း ရှိ မရှိ။