ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ(၁၁-၉-၂၀၂၀) နည်းဥပဒေ(၃၀)
၃၀။ အဖွဲ့သည် အောက်ပါသင်တန်းများကို ဖွင့်လှစ်ရမည်-
(က) အထူးမွမ်းမံသင်တန်းများ
- (၁) ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက အခါအားလျော်စွာ ညွှန်ကြားသော သင်တန်းများ၊
- (၂) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက အခါအားလျော်စွာ အဆိုပြုလာသော သင်တန်းများ။
(ခ) ပုံမှန်သင်တန်းများ
- (၁) ဝန်ထမ်းအဖွဲ့အစည်းဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း၊
- (၂) အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်း၊
- (၃) အလယ်အလတ်အဆင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံ ခန့်ခွဲမှုအဆင့်မြင့်ဒီပလိုမာသင်တန်း၊
- (၄) အရာထမ်းအခြေခံသင်တန်း၊
- (၅) အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန် ဒီပလိုမာသင်တန်း၊
- (၆) အရာထမ်းငယ်အခြေခံသင်တန်း၊
- (၇) စာရေးဝန်ထမ်းကြီးကြပ်မှုတန်းမြင့်သင်တန်း၊
- (၈) စာရေးဝန်ထမ်းအခြေခံသင်တန်း။