ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ(၁၁-၉-၂၀၂၀) နည်းဥပဒေ(၂၆)
၂၆။ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများသည် နည်းဥပဒေ ၂၅ အရ ရာထူးသက် သတ်မှတ်ချက်ကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ခန့်ထားရေးအတွက် ဆောင်ရွက်ရာတွင် အောက်ဖော်ပြပါအချက်များကို ဦးစားပေး စဉ်းစားရမည်-
- (က) လုပ်ငန်းကျွမ်းကျင်မှုရှိပြီး အထူးကြိုးစားထမ်းဆောင်ခြင်း၊
- ( ခ ) အထက်အရာရှိနှင့် လုပ်ဖော်ကိုင်ဖက်များအပေါ် သစ္စာရှိခြင်း၊
- ( ဂ ) စိတ်ဓာတ်ကောင်းမွန်ခြင်းနှင့် နိုင်ငံတော်နှင့်ဌာနအကျိုးစီးပွားအတွက် မွန်မြတ်သော စေတနာထားရှိခြင်း၊
- (ဃ) တီထွင်ကြံဆလုပ်ကိုင်တတ်ခြင်း၊
- ( င ) ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်း ထူးကဲသာလွန်ခြင်း၊
- ( စ ) ခေါင်းဆောင်မှုကောင်းခြင်း၊
- (ဆ) အကျင့်စာရိတ္တကောင်းမွန်ခြင်း။