ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေ ၂၀၁၁

၄၁။ အဖွဲ့သည် ဝန်ထမ်းအဖွဲ့အစည်းများရှိ အလယ်အလတ်အဆင့်အရာထမ်းများနှင့် အဆင့်မြင့် အရာထမ်းများအား လေ့ကျင့်ပျိုးထောင်နိုင်ရန် အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပပေးရမည်။

၄၂။ ဝန်ထမ်းအဖွဲ့အစည်းများသည် မိမိတို့၏ လုပ်ငန်းသဘာဝအရ လုပ်ငန်းခွင် ကျွမ်းကျင်မှု သင်တန်းများ ဖွင့်လှစ်ခြင်းမှအပ စီမံခန့်ခွဲရေးဆိုင်ရာနှင့် ဝန်ထမ်းရေးရာသင်တန်းများကို ဝန်ထမ်း တက္ကသိုလ်များတွင် ဖွင့်လှစ်လိုပါက အဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

အခန်း ()

အဖွဲ့၏သဘောတူညီချက်ရယူခြင်း

၄၃။ အဖွဲ့၏ သဘောတူညီချက်ရယူရန် လိုအပ်သည့်ကိစ္စရပ်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည်-

  • (က) ရာထူးကူးပြောင်းချိန်ကာလ ရက် ၃၀ ထက် ကျော်လွန်သည့်ကိစ္စ၊
  • ( ခ ) ပြင်ပဝန်ထမ်းစည်းကမ်းချက်များ ထုတ်ပြန်ရေးကိစ္စ၊
  • ( ဂ ) ကြိုတင်နှစ်တိုးခွင့်ပြုရေးကိစ္စ၊
  • (ဃ) အထူးမသန်မစွမ်းခွင့် ခွင့်ပြုခြင်းကိစ္စ။

၄၄။       အဖွဲ့သည် ဝန်ထမ်းအဖွဲ့အစည်းများက အဆိုပြု ညှိနှိုင်းလာသည့် ပြင်ပဝန်ထမ်းစည်းကမ်း ချက်များအား သဘောတူခွင့်ပြုရာတွင် အောက်ဖော်ပြပါအချက်များကို စိစစ်ရမည်-

  • (က)    လွှဲပြောင်းတာဝန်ထမ်းဆောင်မည့်   နိုင်ငံ သို့မဟုတ် အဖွဲ့အစည်းနှင့် တာဝန်တို့ကို ဖော်ပြထားခြင်းရှိ မရှိ၊
  • ( ခ )    လွှဲပြောင်းတာဝန်ထမ်းဆောင်မည့် ကာလကို တိကျစွာဖော်ပြထားခြင်းရှိ မရှိ၊
  • ( ဂ )    ဝန်ထမ်းသည် ပြင်ပအဖွဲ့အစည်းသို့ လွှဲပြောင်းပေးသည့်နေ့မှစ၍ မိခင်ဌာနမှ ရာထူးလစာကို ခံစားခွင့်မရှိကြောင်း ဖော်ပြထားခြင်း ရှိ မရှိ၊
  • (ဃ)    ပင်စင်ထည့်ဝင်ကြေးကို    ခေါ်ယူခန့်ထားသည့် အဖွဲ့အစည်းက သတ်မှတ်ထားသော နှုန်းအတိုင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းခြင်းမပြုပါက ဝန်ထမ်း ကိုယ်တိုင်က ပေးသွင်းရမည်ကို ဖော်ပြထားခြင်း ရှိ မရှိ၊
  • ( င )    ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်သည့် ကာလအတွက် ခွင့်စုဆောင်းခွင့် မပြုပါက ခွင့်လစာထည့်ဝင်ကြေး ပေးသွင်းရန် မလိုကြောင်း ဖော်ပြထားခြင်း ရှိ မရှိ၊
  • ( စ )   ဝန်ထမ်း၏  မူလရာထူးနေရာတွင် ယာယီအစီအစဉ်ဖြင့် လူစားခန့်ထားခွင့်ရှိကြောင်း ဖော်ပြထားခြင်း ရှိ မရှိ၊
  • (ဆ)    ပြင်ပဝန်ထမ်း တာဝန်ထမ်းဆောင်ခွင့်ပြုသည့် ကာလသည် ဝန်ထမ်း၏သက်ပြည့် အငြိမ်းစားယူရမည့်နေ့ထက် ကျော်လွန်ခြင်း ရှိ မရှိ။

၄၅။       အဖွဲ့သည် ဝန်ထမ်းအဖွဲ့အစည်းများက ညှိနှိုင်းလာသည့် ကြိုတင်နှစ်တိုးခွင့်ပြုရေးကိစ္စ များအား သဘောတူခွင့်ပြုရာတွင် အောက်ဖော်ပြပါအချက်တစ်ရပ်ရပ်နှင့် ညီညွတ်ခြင်း ရှိ မရှိ စိစစ်ရမည်-

  • (က)    ရာထူးအတွက် သာမန်အားဖြင့် လိုအပ်သော အရည်အချင်းထက် ထူးကဲသာလွန် သော အရည်အချင်းနှင့် အတွေ့အကြုံများ ဆည်းပူးရရှိထားသည့်ပုဂ္ဂိုလ်ကို ဝန်ထမ်း အဖြစ် စတင်ခန့်အပ်သည့်အခါ ကနဦးလစာ တိုးမြှင့်သတ်မှတ်ပေးသင့်သည့် ကိစ္စ ဖြစ်ခြင်း၊
  • ( ခ )    လက်ရှိရာထူး၌ ထူးခြားပြောင်မြောက်စွာ တာဝန်ထမ်းဆောင်မှုအတွက် ဝန်ထမ်းကို ချီးမြှင့်ထိုက်သည့် ကိစ္စဖြစ်ခြင်း၊
  • ( ဂ )    အခြားလုံလောက်သော အကြောင်းထူးတစ်ခုခုကြောင့် ဝန်ထမ်းကို ကြိုတင်နှစ်တိုး ပေးသင့်သည့် ကိစ္စဖြစ်ခြင်း။

၄၆။       အဖွဲ့သည် ဝန်ထမ်းအဖွဲ့အစည်းများက အဆိုပြုညှိနှိုင်းလာသည့် အထူးမသန်မစွမ်းခွင့် ခွင့်ပြုခြင်းကိစ္စများအား သဘောတူခွင့်ပြုရာတွင် အောက်ဖော်ပြပါ အချက်များကို စိစစ်ရမည်-

  • (က)    မသန်မစွမ်းဖြစ်မှုသည် ထိခိုက်ဒဏ်ရာရသည့် အချိန်မှစ၍ သုံးလအတွင်း ပေါ်ပေါက်ခြင်း ရှိ မရှိ၊
  • ( ခ )    မသန်မစွမ်းဖြစ်မှုနှင့်စပ်လျဉ်း၍ ဆေးခုံအဖွဲ့၏   ထောက်ခံချက်ပါရှိခြင်း ရှိ မရှိ၊
  • ( ဂ )    ဆေးခုံအဖွဲ့က ထောက်ခံသည့် အထူးမသန်မစွမ်းခွင့်ခံစားခွင့်ရှိသော ကာလသည် ၂၄ လ ထက်ကျော်လွန်ခြင်း ရှိ မရှိ၊
  • (ဃ)    မူလမသန်မစွမ်းဖြစ်မှုသည် ဆိုးရွားလာခြင်းကြောင့်ဖြစ်စေ၊ ပြန်လည်ပေါ်ပေါက် ခဲ့ခြင်းကြောင့်ဖြစ်စေ အထူးမသန်မစွမ်းခွင့်ကို ခွင့်ပြုရာတွင် ခွင့်ပြုသည့်ခွင့်ကာလ စုစုပေါင်းသည် ၂၄ လထက်ကျော်လွန်ခြင်း ရှိ မရှိ။

၄၇။    ဝန်ထမ်းတစ်ဦးသည် ပြင်ပဝန်ထမ်းစည်းကမ်းချက်များဖြင့် လွှဲပြောင်းတာဝန်ထမ်းဆောင် နေသည့်အခါမှတစ်ပါး ခွင့်ဖြင့်ဖြစ်စေ၊ ခွင့်ဖြင့်မဟုတ်ဘဲဖြစ်စေ အလုပ်ခွင်မှ တစ်ဆက်တည်း ငါးနှစ် ကင်းကွာနေခဲ့သော် ဝန်ထမ်းအဖြစ်မှ အလိုအလျောက်ရပ်စဲပြီးဖြစ်သည်။ သို့ရာတွင် သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းက ဝန်ထမ်းအဖြစ်မှရပ်စဲခြင်းကို ပယ်ဖျက်ပေးရန် အဆိုပြု ညှိနှိုင်းလာသည့် အခါ အဖွဲ့သည် ခိုင်လုံသောအကြောင်းများရှိသည်ဟု ယူဆလျှင် ပယ်ဖျက်နိုင်သည်။ ရာထူးမှ ခေတ္တချထားခြင်းခံနေရသဖြင့် အလုပ်ခွင်မှကင်းကွာနေသော ဝန်ထမ်းသည် ဤပြဋ္ဌာန်းချက်တွင် အကျုံးဝင်ခြင်း မရှိစေရ။

အခန်း ()

အဖွဲ့၏ သဘောထားမှတ်ချက်တောင်းခံခြင်း

၄၈။ ဝန်ထမ်းဆိုင်ရာစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဝန်ထမ်းရွေးချယ်ခန့်ထားရေး၊ လေ့ကျင့်ရေး၊ ရာထူးတိုးမြှင့်ရေး စည်းကမ်းထိန်းသိမ်းရေး ကိစ္စများ နှင့်စပ်လျဉ်း၍လည်းကောင်း ဝန်ထမ်းအဖွဲ့အစည်းများက သဘောထားတောင်းခံလာလျှင် အဖွဲ့က သဘောထားမှတ်ချက်ပေးရမည်။

အခန်း ()

အထွေထွေ

၄၉။ ဝန်ထမ်းအဖွဲ့အစည်းများတွင် ဖွင့်လှစ်သောသင်တန်းများ၌ ဝန်ထမ်းစည်းမျဉ်း၊ ဝန်ထမ်း စည်းကမ်း၊ ဝန်ထမ်းကျင့်ဝတ်၊ ဝန်ထမ်းသမိုင်း၊ ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုဘာသာရပ်များကို ဆွေးနွေးပို့ချပေးရန် ညှိနှိုင်းလာလျှင် အဖွဲ့က လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးရမည်။

၅၀။ အဖွဲ့သည်-

  • (က) ဝန်ထမ်းအဖွဲ့အစည်းများက ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း၊ ရာထူးမှထုတ်ပယ် ခြင်းပြုခဲ့သည့် ဝန်ထမ်းများ၏စာရင်းကို မှတ်တမ်းတင် ထိန်းသိမ်းထားရှိပြီး အစီရင်ခံစာပြုစု၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ နှစ်စဉ်တင်ပြရမည်။
  • ( ခ ) ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သုတေသနပြုရာတွင် လိုအပ်သော အချက်အလက်များကို သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများထံမှ တောင်းခံရယူ နိုင်သည်။

my_MMMY