ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေ ၂၀၁၁

၃၁။ အဖွဲ့သည် နည်းဥပဒေ ၃၀ ပါ သင်တန်းများတွင် အောက်ပါဘာသာရပ်များကို ပို့ချ ပေးရမည်-

  • (က) စီမံခန့်ခွဲမှုဘာသာရပ်၊
  • ( ခ ) နိုင်ငံရေးဘာသာရပ်၊
  • ( ဂ ) စီးပွားရေးဘာသာရပ်၊
  • (ဃ) လူမှုရေးဘာသာရပ်၊
  • ( င ) ဥပဒေဘာသာရပ်၊
  • ( စ ) စစ်ပညာဘာသာရပ်။

၃၂။ တက္ကသိုလ်ကောလိပ် ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းသို့ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနက ရွေးချယ်စေလွှတ်သော နည်းပြ၊ သရုပ်ပြနှင့်အထက် ဆရာ၊ ဆရာမများ တက်ရောက်ရမည်။

၃၃။ အခြေခံပညာဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းသို့ ပညာရေးဝန်ကြီးဌာနက ရွေးချယ်စေလွှတ်သော မူလတန်းပြနှင့်အထက် ဆရာ၊ ဆရာမများ တက်ရောက်ရမည်။

၃၄။ အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်းသို့ သက်ဆိုင်ရာဝန်ထမ်း အဖွဲ့အစည်း များက ရွေးချယ်စေလွှတ်သော အောက်ပါအချက်များနှင့် ပြည့်စုံသည့် လက်ထောက်ညွှန်ကြား ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့်အဆင့်တူ အရာထမ်းများ တက်ရောက်ရမည်-

  • (က) အသက် ၅၀ နှစ်အောက်ရှိသူ၊
  • ( ခ ) အရာထမ်းအခြေခံသင်တန်း သို့မဟုတ် အရာထမ်းလောင်းအခြေခံသင်တန်း (ယခင် အခြေခံဝန်ထမ်းလောင်းသင်တန်း၊ အကြိုဝန်ထမ်းလောင်းသင်တန်း) တစ်ခုခု တက်ရောက်ပြီးသူ၊
  • ( ဂ ) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ၊
  • (ဃ) လက်ထောက်ညွှန်ကြားရေးမှူးအဆင့် အရာထမ်းဖြစ်ပါက ထိုရာထူးတွင် လုပ်သက် အနည်းဆုံးနှစ် နှစ်ရှိသူ၊
  • ( င ) ကျန်းမာရေးနှင့်ပြည့်စုံသူ။

၃၅။ အရာထမ်းအခြေခံသင်တန်းသို့ သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများက ရွေးချယ်စေလွှတ် သော အသက် ၄၅ နှစ် အောက်ရှိပြီး ကျန်းမာရေးနှင့်ပြည့်စုံသည့် ပြန်တမ်းဝင်ရာထူးအဆင့် စတင်ခန့်ရာထူးတွင် ခန့်ထားခြင်းခံရပြီးသော အရာထမ်းများ တက်ရောက်ရမည်။

၃၆။ အရာထမ်းလောင်းအခြေခံသင်တန်းသို့ သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများက ရွေးချယ် စေလွှတ်သော အသက် ၄၅ နှစ်အောက်ရှိပြီး ကျန်းမာရေးနှင့်ပြည့်စုံသည့် ပြန်တမ်းဝင်ရာထူးအဆင့် စတင်ခန့်ရာထူးတွင် ခန့်ထားရန် ရွေးချယ်ခြင်းခံထားရသော အရာထမ်းလောင်းများ တက်ရောက် ရမည်။

၃၇။ အရာထမ်းငယ်အခြေခံသင်တန်းသို့ သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများက ရွေးချယ် စေလွှတ်သော အသက် ၄၅ နှစ်အောက်ရှိပြီး ကျန်းမာရေးနှင့် ပြည့်စုံသည့် အောက်ပါဝန်ထမ်းများ တက်ရောက်ရမည်-

  • (က) စီမံခန့်ခွဲရေးဝန်ထမ်း(စီးပွားရေး)အဆင့် (၁)၊
  • ( ခ ) ပညာရှင်အဆင့် (၂)၊
  • ( ဂ ) ကျွမ်းကျင်ဝန်ထမ်းအဆင့် (၆)၊
  • (ဃ) စီမံခန့်ခွဲရေးဝန်ထမ်း (အုပ်ချုပ်ရေး၊ လူမှုရေး) အဆင့် (၁)၊
  • ( င ) စီမံခန့်ခွဲရေးဝန်ထမ်း (စီးပွားရေး) အဆင့် (၂)၊
  • ( စ ) ပညာရှင်အဆင့် (၃)၊
  • (ဆ) ကျွမ်းကျင်ဝန်ထမ်းအဆင့် (၈)။

၃၈။ စာရေးဝန်ထမ်းကြီးကြပ်မှုတန်းမြင့် သင်တန်းသို့ သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းများက ရွေးချယ်စေလွှတ်သော အသက် ၄၅ နှစ်အောက်ရှိပြီး ကျန်းမာရေးနှင့်ပြည့်စုံသည့် ဌာနခွဲစာရေးနှင့် ရုံးအုပ်များ တက်ရောက်ရမည်။

၃၉။ စာရေးဝန်ထမ်းအခြေခံသင်တန်းသို့ သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းများက ရွေးချယ် စေလွှတ်သော အသက် ၄၅ နှစ်အောက်ရှိပြီး ကျန်းမာရေးနှင့်ပြည့်စုံသည့် အငယ်တန်းစာရေးနှင့် အကြီးတန်းစာရေးများ တက်ရောက်ရမည်။

၄၀။ သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းသည် အထူးကိစ္စတစ်ရပ်အနေဖြင့် အဖွဲ့က တိုက်ရိုက် ရွေးချယ်သော ဝန်ထမ်းလောင်းများအား အရာထမ်းလောင်းအခြေခံသင်တန်းသို့ တက်ရောက်နိုင် စေရန် အဖွဲ့နှင့်ညှိနှိုင်း ဆောင်ရွက်ရမည်။

my_MMMY