ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေ ၂၀၁၁

၁၁။ အဖွဲ့သည် တင်သွင်းလာသည့် လျှောက်လွှာများကို စိစစ်၍ သတ်မှတ်ချက်နှင့်ညီညွတ်သော လျှောက်ထားသူများကို ရေးဖြေစာမေးပွဲစစ်ဆေးခြင်း၊ စိတ်အခြေအနေစစ်ဆေးခြင်းနှင့် လူတွေ့ စစ်ဆေးခြင်းများပြုပြီး လစ်လပ်ရာထူးအတွက် သင့်လျော်သူများကို ရွေးချယ်ပေးရမည်။

၁၂။ အဖွဲ့သည် ရေးဖြေစာမေးပွဲတွင် ဖြေဆိုရမည့် ဘာသာရပ်နှင့် ဖြေဆိုရမည့် အချိန်တို့ကို သတ်မှတ်ပေးရမည်။ ထိုသို့သတ်မှတ်ခြင်းကို သက်ဆိုင်ရာရာထူးအတွက် လျှောက်လွှာခေါ်ယူသည့် အဖွဲ့၏ ကြော်ငြာတွင် သီးခြားဖော်ပြရမည်။

၁၃။ အဖွဲ့သည်ရေးဖြေစာမေးပွဲတွင် အောင်မြင်သူများအနက်မှ ရမှတ်အများအနည်းပေါ်မူတည်၍ အရည်အချင်း ပြည့်မီသူများကိုသာ စိတ်အခြေအနေစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းများ အတွက် ကြေညာချက်ထုတ်ပြန်ကာ အကြောင်းကြားခေါ်ယူ၍ စစ်ဆေးရွေးချယ်ရမည်။

၁၄။ ဝန်ထမ်းအဖွဲ့အစည်း၏ လုပ်ငန်းသဘာဝအရ သီးခြားအရည်အချင်းသတ်မှတ်ချက်နှင့် ကိုက်ညီရန် လိုအပ်သည့်အခြေအနေမျိုးတွင် အဖွဲ့က စစ်ဆေးသော ရေးဖြေစာမေးပွဲ၌ အရည်အချင်း ပြည့်မီသူများကို လိုအပ်သည့် သီးခြားအရည်အချင်းနှင့် ပြည့်စုံခြင်း ရှိ မရှိ သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းက ဦးစွာစစ်ဆေးရမည်။ ယင်းသို့စစ်ဆေး၍ သီးခြားအရည်အချင်း နှင့် ပြည့်စုံသူများကိုသာ အဖွဲ့က စိတ်အခြေအနေစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းများ ပြုလုပ်၍ ရွေးချယ်ရမည်။

၁၅။ သက်ဆိုင်ရာ ရာထူးအတွက် လျှောက်ထားသူဦးရေသည် လစ်လပ်ရာထူးအရေအတွက်ထက် လျော့နည်းနေလျှင်ဖြစ်စေ၊ တူညီနေလျှင်ဖြစ်စေ၊ ပိုမိုသည့်တိုင်အောင် ကွာခြားချက်များပြားခြင်း မရှိလျှင်ဖြစ်စေ အဖွဲ့သည် ထိုရာထူးအတွက် ရေးဖြေစာမေးပွဲ စစ်ဆေးခြင်းမပြုဘဲ လျှောက်ထားသူ များကို အကြောင်းကြားခေါ်ယူကာ စိတ်အခြေအနေစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းများကို ဆောင်ရွက်နိုင်သည်။

၁၆။ အဖွဲ့က ဖွဲ့စည်းသည့် လူတွေ့စစ်ဆေးရေးအဖွဲ့သည် အောက်ပါအရည်အချင်းများကို စစ်ဆေး၍ အကဲဖြတ်အမှတ်ပေးရမည်-

  • (က) ရုပ်ပိုင်းဆိုင်ရာဥပဓိရုပ်ကောင်းမွန်မှု၊
  • ( ခ ) ပြည်တွင်း၊ ပြည်ပ ဗဟုသုတရှိမှု၊
  • ( ဂ ) တာဝန်ထမ်းဆောင်မည့်ရာထူးနှင့် သက်ဆိုင်သော လုပ်ငန်းဗဟုသုတရှိမှု၊
  • (ဃ) သွက်လက်ပြတ်သားမှု၊
  • ( င ) ထိုးထွင်းဉာဏ်ကောင်းမှု၊

၁၇။ အဖွဲ့သည် လူတွေ့စစ်ဆေးရေးအဖွဲ့က အကဲဖြတ်အမှတ်ပေးထားသော ရမှတ်များကို စုပေါင်း၍ အမှတ်အများအနည်းအလိုက် လစ်လပ်ရာထူးဦးရေနှင့်အညီ ရွေးချယ်ပေးရမည်။ အရန် ရွေးချယ်မည့်ဦးရေကို အဖွဲ့၏ရာထူးရွေးချယ်ရေးအစည်းအဝေး ဆုံးဖြတ်ချက်နှင့်အညီ သတ်မှတ် လျာထားနိုင်သည်။

၁၈။ အဖွဲ့သည် ဝန်ထမ်းစစ်ဆေးရွေးချယ်ရာတွင် ကျွမ်းကျင်မှုဆိုင်ရာ အကူအညီလိုအပ်ပါက သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများထံမှလည်းကောင်း၊ ကျွမ်းကျင်သူပုဂ္ဂိုလ်များထံမှလည်းကောင်း အကူအညီတောင်းခံနိုင်သည်။

၁၉။ ဝန်ထမ်းအဖွဲ့အစည်းများက ရွေးချယ်ခန့်ထားခွင့်ရှိသော စတင်ခန့်ရာထူးများသို့ ဝန်ထမ်း များ ရွေးချယ်ခန့်ထားနိုင်ရေးအတွက် စိတ်အခြေအနေစစ်ဆေးပေးရန် မေတ္တာရပ်ခံလာလျှင် အဖွဲ့က ကူညီရမည်။

အခန်း(၃)

ရာထူးတိုးမြှင့်ခြင်း

၂၀။ ဝန်ထမ်းအဖွဲ့အစည်းအလိုက် ရာထူးအဆင့် တိုးမြှင့်ခန့်ထားရန် အနည်းဆုံးလိုအပ်သော ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်း၊ ရာထူးသက်နှင့် လုပ်သက်တို့ကို ရာထူး အမျိုး အစားကို မူတည်၍ ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုသတ်မှတ်ပေးရမည်။

my_MMMY