ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ

၃၁။ အဖွဲ့သည် နည်းဥပဒေ ၃၀ ပါ သင်တန်းများတွင် အောက်ပါဘာသာရပ်များကို လိုအပ်သလို ပို့ချပေးရမည် –

  • (က) စီမံခန့်ခွဲမှုပညာဘာသာရပ်၊
  • ( ခ ) စီးပွားရေးပညာဘာသာရပ်၊
  • ( ဂ ) ဥပဒေပညာဘာသာရပ်၊
  • (ဃ) လူမှုရေးသိပ္ပံပညာဘာသာရပ်၊
  • ( င ) နိုင်ငံရေးသိပ္ပံပညာဘာသာရပ်၊
  • ( စ ) အင်္ဂလိပ်စာဘာသာရပ်၊
  • (ဆ) သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဘာသာရပ်။
  • (ဇ)    ကာကွယ်ရေးပညာဘာသာရပ်။*၃၀-၁-၂၀၂၃ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။

၃၂။     ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်းသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း များက ရွေးချယ်စေလွှတ်သော ကျန်းမာရေးကောင်းမွန်သည့် အသက် (၅၇) နှစ်နှင့် အောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဆင့်တူ အရာထမ်းများ တက်ရောက်ရမည်။*၃၀-၁-၂၀၂၃ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။

၃၃။ အဆင့်မြင့်အရာထမ်းသင်တန်းသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက ရွေးချယ်စေလွှတ်သော ကျန်းမာရေးကောင်းမွန်သည့် အသက် (၅၅) နှစ်နှင့်အောက် ညွှန်ကြားရေးမှူးနှင့်အဆင့်တူ အရာထမ်းများ တက်ရောက်ရမည်။*၃၀-၁-၂၀၂၃ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။

၃၄။    အလယ်အလတ်အဆင့်အရာထမ်းသင်တန်းသို့ သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်း များက ရွေးချယ်စေလွှတ်သော ကျန်းမာရေးကောင်းမွန်သည့် အသက်(၅၂)နှစ်နှင့်အောက် လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့်အဆင့်တူအရာထမ်းများ တက်ရောက်ရမည်။*၃၀-၁-၂၀၂၃ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။

၃၅။    အရာထမ်းအခြေခံသင်တန်းသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက ရွေးချယ် စေလွှတ်သော ကျန်းမာရေးကောင်းမွန်သည့် အသက် (၄၅)နှစ်နှင့်အောက် ဦးစီးအရာရှိနှင့် အဆင့်တူအရာထမ်းများ တက်ရောက်ရမည်။*၃၀-၁-၂၀၂၃ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။

၃၆။   အရာထမ်းလောင်း (အထူး) သင်တန်းသို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအတွက် အဖွဲ့က ရွေးချယ်ခြင်းခံရသည့် ကျန်းမာရေးကောင်းမွန်သည့် ပြန်တမ်းဝင် အရာရှိလောင်းများ တက်ရောက်ရမည်။*၃၀-၁-၂၀၂၃ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။

၃၇။    အရာထမ်းငယ်သင်တန်းသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက ရွေးချယ် စေလွှတ်သော ကျန်းမာရေးကောင်းမွန်သည့် အသက် (၄၅) နှစ်နှင့် အောက်ရှိ အောက်ဖော်ပြပါ ဝန်ထမ်းများတက်ရောက်ရမည်- *၃၀-၁-၂၀၂၃ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။

  • (က) စီမံခန့်ခွဲရေးဝန်ထမ်း (စီးပွားရေး) အဆင့် (၂)၊
  • ( ခ ) ပညာရှင်အဆင့် (၃)၊
  • ( ဂ ) ကျွမ်းကျင်ဝန်ထမ်းအဆင့် (၅)၊
  • (ဃ) စီမံခန့်ခွဲရေးဝန်ထမ်း (အုပ်ချုပ်ရေး၊ လူမှုရေး) အဆင့် (၁)။

၃၈။    စာရေးဝန်ထမ်းကြီးကြပ်သင်တန်းသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက ရွေးချယ်စေလွှတ်သော ကျန်းမာရေးကောင်းမွန်သည့် အသက် (၄၅)နှစ်နှင့်အောက် ဌာနခွဲစာရေးနှင့် ရုံးအုပ်များ တက်ရောက်ရမည်။ *၃၀-၁-၂၀၂၃ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။

၃၉။    စာရေးဝန်ထမ်းသင်တန်းသို့ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက ရွေးချယ် စေလွှတ်သော ကျန်းမာရေးကောင်းမွန်သည့် အသက် (၄၅)နှစ်နှင့်အောက် အငယ်တန်း စာရေးနှင့် အကြီးတန်းစာရေးများ တက်ရောက်ရမည်။ *၃၀-၁-၂၀၂၃ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။

၄၀။    သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းသည် အထူးကိစ္စတစ်ရပ်အနေဖြင့် အဖွဲ့က တိုက်ရိုက်ရွေးချယ်သော ဝန်ထမ်းလောင်းများအား အရာထမ်းလောင်း (အထူး) သင်တန်းသို့ တက်ရောက်နိုင်စေရန် အဖွဲ့နှင့်ညှိနှိုင်းဆောင်ရွက်ရမည်။ *၃၀-၁-၂၀၂၃ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။

my_MMMY