ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

(၅) အဖွဲ့၏သဘောတူညီချက်ရယူခြင်း

အခန်း (၅)
အဖွဲ့၏သဘောတူညီချက်ရယူခြင်း

၄၃။ အဖွဲ့၏ သဘောတူညီချက်ရယူရန် လိုအပ်သည့် ကိစ္စရပ်များမှာ အောက်ဖော်ပြပါ အတိုင်းဖြစ်သည် –

  • (က) ရာထူးကူးပြောင်းချိန်ကာလရက် ၃၀ ထက်ကျော်လွန်သည့်ကိစ္စ၊
  • ( ခ ) ပြင်ပဝန်ထမ်းစည်းကမ်းချက်များ ထုတ်ပြန်ရေးကိစ္စ၊
  • ( ဂ ) ကြိုတင်နှစ်တိုးခွင့်ပြုရေးကိစ္စ။

၄၄။ အဖွဲ့သည် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက အဆိုပြုညှိနှိုင်းလာသည့် ပြင်ပ ဝန်ထမ်းစည်းကမ်းချက်များအား   သဘောတူခွင့်ပြုရာတွင် အောက်ဖော်ပြပါအချက်များကို စိစစ်ရမည် –

  • (က)   လွှဲပြောင်းတာဝန်ထမ်းဆောင်မည့် နိုင်ငံ သို့မဟုတ် အဖွဲ့အစည်းနှင့် တာဝန်တို့ကို ဖော်ပြထားခြင်း ရှိ မရှိ၊
  • ( ခ )  လွှဲပြောင်းတာဝန်ထမ်းဆောင်မည့် ကာလကို တိကျစွာ ဖော်ပြထားခြင်း ရှိ မရှိ၊
  • ( ဂ ) ဝန်ထမ်းသည် ပြင်ပအဖွဲ့အစည်းသို့ လွှဲပြောင်းပေးသည့်နေ့မှစ၍ မိခင် ဌာနမှ ရာထူးလစာကို ခံစားခွင့်မရှိကြောင်း ဖော်ပြထားခြင်း ရှိ မရှိ၊
  • (ဃ) ပင်စင်ထည့်ဝင်ကြေးကို ခေါ်ယူခန့်ထားသည့် သက်ဆိုင်ရာဝန်ကြီးဌာန သို့မဟုတ် အဖွဲ့အစည်းက နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေသို့ သတ်မှတ်ထား သောနှုန်းအတိုင်း ပေးသွင်းခြင်းမပြုပါက ဝန်ထမ်းကိုယ်တိုင်က ပေးသွင်း ရမည်ကို ဖော်ပြထားခြင်းရှိ မရှိ၊
  • ( င ) ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်သည့် ကာလအတွက် ခွင့်စုဆောင်းခွင့် မပြုပါက ခွင့်လစာထည့်ဝင်ကြေး ပေးသွင်းရန်မလိုကြောင်း ဖော်ပြထား ခြင်းရှိ မရှိ၊
  • ( စ )  ဝန်ထမ်း၏ မူလရာထူးနေရာတွင် ယာယီအစီအစဉ်ဖြင့် လူစားခန့်ထား ခွင့်ရှိကြောင်း ဖော်ပြထားခြင်း ရှိ မရှိ၊
  • (ဆ) ပြင်ပဝန်ထမ်း တာဝန်ထမ်းဆောင်ခွင့်ပြုသည့်ကာလသည် ဝန်ထမ်း၏ သက်ပြည့်အငြိမ်းစားယူရမည့်နေ့ထက် ကျော်လွန်ခြင်း ရှိ မရှိ။

၄၅။ အဖွဲ့သည် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက ညှိနှိုင်းလာသည့် ကြိုတင်နှစ်တိုး ခွင့်ပြုရေးကိစ္စများအား သဘောတူခွင့်ပြုရာတွင် အောက်ဖော်ပြပါအချက်တစ်ရပ်ရပ်နှင့် ညီညွတ်ခြင်း ရှိ မရှိ စိစစ်ရမည် –

  • (က) ရာထူးအတွက် သာမန်အားဖြင့် လိုအပ်သော အရည်အချင်းထက် ထူးကဲသာလွန်သောအရည်အချင်းနှင့် အတွေ့အကြုံများ ဆည်းပူး ရရှိထားသည့်ပုဂ္ဂိုလ်ကို ဝန်ထမ်းအဖြစ် စတင်ခန့်အပ်သည့်အခါ ကနဦး လစာတိုးမြှင့်သတ်မှတ်ပေးသင့်သည့်ကိစ္စဖြစ်ခြင်း၊
  • ( ခ ) လက်ရှိရာထူး၌ ထူးခြားပြောင်မြောက်စွာ တာဝန်ထမ်းဆောင်မှုအတွက် ဝန်ထမ်းကို ချီးမြှင့်ထိုက်သည့် ကိစ္စဖြစ်ခြင်း၊
  • ( ဂ ) အခြားလုံလောက်သော အကြောင်းထူးတစ်ခုခုကြောင့် ဝန်ထမ်းကို ကြိုတင်နှစ်တိုး ပေးသင့်သည့်ကိစ္စဖြစ်ခြင်း။

၄၆။ ဝန်ထမ်းတစ်ဦးသည် ပြင်ပဝန်ထမ်းစည်းကမ်းချက်များဖြင့် လွှဲပြောင်းတာဝန် ထမ်းဆောင်နေသည့်အခါမှတစ်ပါး ခွင့်ဖြင့်ဖြစ်စေ၊ ခွင့်မဲ့ဖြစ်စေ အလုပ်ခွင်မှ တစ်ဆက်တည်း ငါးနှစ်ကင်းကွာနေခဲ့သော် ဝန်ထမ်းအဖြစ်မှ အလိုအလျောက်ရပ်စဲပြီး ဖြစ်သည်။ သို့ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းက ဝန်ထမ်းအဖြစ်မှ ရပ်စဲခြင်းကို ပယ်ဖျက်ပေးရန် အဆိုပြုညှိနှိုင်းလာသည့်အခါ အဖွဲ့သည် ခိုင်လုံသော အကြောင်းများရှိသည်ဟု ယူဆလျှင် ပယ်ဖျက်နိုင်သည်။ ရာထူးမှ ခေတ္တချထားခြင်းခံနေ ရသဖြင့် အလုပ်ခွင်မှကင်းကွာနေသော ဝန်ထမ်းသည် ဤပြဋ္ဌာန်းချက်တွင် အကျုံးဝင် ခြင်းမရှိစေရ။

my_MMMY