အခန်း (၆)
အဖွဲ့၏သဘောထားမှတ်ချက် ပေးခြင်း၊ တင်ပြခြင်းနှင့် ပြန်ကြားခြင်း
၄၇။ အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်း များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဝန်ထမ်းရွေးချယ်ခန့်ထားရေး၊ လေ့ကျင့်ရေး၊ ရာထူးတိုးမြှင့်ရေး၊ စည်းကမ်းထိန်းသိမ်းရေးကိစ္စများနှင့်စပ်လျဉ်း၍လည်းကောင်း ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက သဘောထားတောင်းခံလာလျှင် သဘောထားမှတ်ချက်ပေးရမည်။