ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ(၁၁-၉-၂၀၂၀) နည်းဥပဒေ(၁၄)
၁၄။ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း၏ လုပ်ငန်းသဘာဝအရ သီးခြားအရည်အချင်း သတ်မှတ်ချက် နှင့်ကိုက်ညီရန် လိုအပ်သည့်အခြေအနေမျိုးတွင် အဖွဲ့က စစ်ဆေးသော ရေးဖြေစာမေးပွဲ၌ အရည်အချင်း ပြည့်မီသူများကို လိုအပ်သည့် သီးခြားအရည်အချင်းနှင့်ပြည့်စုံခြင်းရှိ မရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းက ဦးစွာစစ်ဆေးရမည်။ ယင်းသို့စစ်ဆေး၍ သီးခြားအရည်အချင်းနှင့် ပြည့်စုံသူများကိုသာ အဖွဲ့က စိတ်အခြေအနေစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းများ ပြုလုပ်၍ ရွေးချယ်ရမည်။