ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ(၁၁-၉-၂၀၂၀) နည်းဥပဒေ(၇)
၇။(က) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအသီးသီးတွင် ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် ရာထူးနေရာ လစ်လပ်မှုရှိသဖြင့် ပြင်ပပုဂ္ဂိုလ်အား ခန့်အပ်လိုပါက အဖွဲ့ကသာ ရွေးချယ်ပေးရမည်။
( ခ ) ထူးခြားသည့် အခြေအနေတစ်ရပ်ရပ်ကြောင့် ပြင်ပပုဂ္ဂိုလ်အား တိုက်ရိုက်ခန့်အပ်ရန် လိုအပ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းက အဖွဲ့သို့ အဆိုပြုရမည်ဖြစ်ပြီး အဖွဲ့၏ထောက်ခံချက်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြခွင့်ပြုချက် ရယူရမည်။