ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ(၁၁-၉-၂၀၂၀) နည်းဥပဒေ(၄၆)
၄၆။ ဝန်ထမ်းတစ်ဦးသည် ပြင်ပဝန်ထမ်းစည်းကမ်းချက်များဖြင့် လွှဲပြောင်းတာဝန်ထမ်းဆောင်နေသည့်အခါမှတစ်ပါး ခွင့်ဖြင့်ဖြစ်စေ၊ ခွင့်မဲ့ဖြစ်စေ အလုပ်ခွင်မှ တစ်ဆက်တည်း ငါးနှစ်ကင်းကွာ နေခဲ့သော် ဝန်ထမ်းအဖြစ်မှ အလိုအလျောက်ရပ်စဲပြီးဖြစ်သည်။ သို့ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာန နှင့်အဖွဲ့အစည်းက ဝန်ထမ်းအဖြစ်မှရပ်စဲခြင်းကို ပယ်ဖျက်ပေးရန် အဆိုပြုညှိနှိုင်းလာသည့်အခါ အဖွဲ့သည် ခိုင်လုံသောအကြောင်းများရှိသည်ဟုယူဆလျှင် ပယ်ဖျက်နိုင်သည်။ ရာထူးမှခေတ္တချထားခြင်း ခံနေရသဖြင့် အလုပ်ခွင်မှကင်းကွာနေသော ဝန်ထမ်းသည် ဤပြဋ္ဌာန်းချက်တွင် အကျုံးဝင်ခြင်း မရှိစေရ။