ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ(၁၁-၉-၂၀၂၀) နည်းဥပဒေ(၃၇)
၃၇။ အရာထမ်းငယ်အခြေခံသင်တန်းသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက ရွေးချယ်စေလွှတ်သော ကျန်းမာရေးကောင်းမွန်သည့် အောက်ပါဝန်ထမ်းများ တက်ရောက်ရမည်-
- (က) စီမံခန့်ခွဲရေးဝန်ထမ်း (စီးပွားရေး) အဆင့် (၂)၊
- ( ခ ) ပညာရှင်အဆင့် (၃)၊
- ( ဂ ) ကျွမ်းကျင်ဝန်ထမ်းအဆင့် (၅)၊
- (ဃ) စီမံခန့်ခွဲရေးဝန်ထမ်း (အုပ်ချုပ်ရေး၊လူမှုရေး) အဆင့် (၁)။