ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ(၁၁-၉-၂၀၂၀) နည်းဥပဒေ(၂၉)
အခန်း(၄)
ဝန်ထမ်းများလေ့ကျင့်ခြင်း
၂၉။ အဖွဲ့သည် ဝန်ထမ်းများလေ့ကျင့်ပျိုးထောင်ရေး ဆောင်ရွက်ရာတွင် အောက်ပါအရည်အချင်းများ မြင့်မားလာစေရန် ဆောင်ရွက်ရမည်-
- (က) ဝန်ထမ်းများသိရှိရမည့်ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း များကို သိရှိနားလည်မှု၊
- ( ခ ) ရုံးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲအုပ်ချုပ်မှုပညာကို ကျွမ်းကျင်တတ်မြောက်မှု၊
- ( ဂ ) အဖွဲ့အစည်းဆိုင်ရာ စီမံခန့်ခွဲအုပ်ချုပ်မှုပညာကို ကျွမ်းကျင်တတ်မြောက်မှု၊
- (ဃ) ပြည်သူ့ရေးရာ စီမံခန့်ခွဲအုပ်ချုပ်မှုပညာကို ကျွမ်းကျင်တတ်မြောက်မှု၊
- ( င ) ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် ခေါင်းဆောင်မှုသဘောတရားများ နားလည် တတ်မြောက်မှု၊
- ( စ ) ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုရေးအခြေအနေများကို လေ့လာ ဆည်းပူးသိရှိနားလည်မှု၊
- (ဆ) နိုင်ငံတော်က ထုတ်ပြန်သတ်မှတ်ထားသည့် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်၊ ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များကို သိရှိနားလည်မှု၊
- ( ဇ ) နိုင်ငံ့ဝန်ထမ်းတစ်ဦး တတ်မြောက်သင့်သော အခြေခံသတင်းအချက်အလက်နှင့် နည်းပညာလေ့ကျင့်တတ်ကျွမ်းမှု။