ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ(၁၁-၉-၂၀၂၀) နည်းဥပဒေ(၅၀)
၅၀။ အဖွဲ့သည်-
- (က) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်းပြုခဲ့သည့် ဝန်ထမ်းများ၏ စာရင်းကို မှတ်တမ်းတင် အစီရင်ခံစာ ပြုစု၍ နိုင်ငံတော်သမ္မတထံသို့ နှစ်စဉ်တင်ပြရမည်။
- ( ခ ) ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သုတေသနပြုရာတွင် လိုအပ်သော အချက်အလက်များကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများထံမှ တောင်းခံ ရယူနိုင်သည်။