ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ(၁၁-၉-၂၀၂၀) နည်းဥပဒေ(၂၅)
၂၅။ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသည် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ပြီး အရည်အချင်းပြည့်ဝသော ထူးချွန်သည့် ဝန်ထမ်းများကို သင့်တင့်သောကာလအတွင်း တစ်ဆင့်မြင့် ရာထူးများတွင် တိုးမြှင့်ခန့်ထားခြင်းဖြင့် ထိုက်ထိုက်တန်တန် ချီးမြှင့်သည့်သဘောသက်ရောက်စေရန် လည်းကောင်း၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများအတွင်း အတွေ့အကြုံရှိ၍ ထူးခြားပြောင်မြောက်စွာ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား အကျိုးခံစားခွင့်ရှိစေရန်လည်းကောင်း၊ ရာထူး အဆင့်ဆင့်တွင် ခါးဆက်မပြတ်ရေးအတွက် စီမံချက်ဖြင့်ဆောင်ရွက်နိုင်ရန်လည်းကောင်း သတ်မှတ် ရာထူးသက်မပြည့်မီစေကာမူ အထူးကိစ္စရပ်အနေဖြင့် ရာထူးတိုးမြှင့်ခန့်ထားရန် ဆောင်ရွက်နိုင် သည်။