ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ နည်းဥပဒေ၃၅
၃၅။ အရာထမ်းအခြေခံသင်တန်းသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက ရွေးချယ် စေလွှတ်သော ကျန်းမာရေးကောင်းမွန်သည့် အသက် (၄၅)နှစ်နှင့်အောက် ဦးစီးအရာရှိနှင့် အဆင့်တူအရာထမ်းများ တက်ရောက်ရမည်။*၃၀-၁-၂၀၂၃ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။