ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

အပိုဒ်၁၄

၁၄။ ရှေးဦးစုံစမ်းမှုပြုလုပ်ရသည့် ရည်ရွယ်ချက်သည် ဝန်ထမ်းကို ဌာနဆိုင်ရာအရေးယူနိုင်လောက်သည့် အခြေအမြစ်ရှိ မရှိ စိစစ်ရန်၊ အမှု ကိစ္စနှင့်စပ်လျဉ်း၍ မရှင်းလင်းသည့် အချက်များကို ဖော်ထုတ်ရှင်းလင်း ရန်၊ ဌာနဆိုင်ရာစစ်ဆေးမှုပြုလုပ်ရပါက သက်သေထူရမည့် အထောက် အထားများကို ရှာဖွေစုဆောင်းရန်နှင့် မည်သူ့တွင် တာဝန်ရှိသည်ကို ဖော်ထုတ်ရန်ဖြစ်သည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၈၂

အခန်း()

ဘက်လိုက်မှုကင်းခြင်း၊ အဂတိကင်းရှင်းခြင်း၊ တရားမျှတစွာဆောင်ရွက်မှုရှိခြင်း

 

၁၄။       နိုင်ငံ့ဝန်ထမ်းများသည်-

  • (က) အဂတိတရားကင်းရှင်းစွာ အချိန်နှင့်တစ်ပြေးညီ ဝန်ဆောင်မှုပေးရမည်။
  • ( ခ )  ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ အခါအားလျော်စွာ ထုတ်ပြန်သည့်ဒေသန္တရဆိုင်ရာအမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက် ရမည်။
  • ( ဂ ) ဘက်လိုက်မှုကင်းရှင်းရမည့်အပြင် အများပြည်သူ အထင်အမြင်လွဲမှားစေနိုင်သည့် အပြုအမူ၊ အပြောအဆိုတို့ကိုလည်း ရှောင်ကြဉ်ရမည်။
  • (ဃ) ပြည်သူများကို လေးစားမှု၊ စာနာမှုနှင့် တရားမျှတမှုတို့ဖြင့် ဆက်ဆံရမည်။
  • ( င )  ဆုံးဖြတ်ချက်များကို အချိန်နှင့်တစ်ပြေးညီ မှန်ကန်မျှတစွာ ချမှတ်ရမည်။
  • ( စ )  နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်။

စွမ်းဆောင်ရည်အဆင့်သတ်မှတ်ချက်များနှင့် ထည့်သွင်းစဉ်းစားရမည့်အချက်များ

၁၄။ ဝန်ထမ်း၏ လုပ်ငန်းတာဝန်များစွမ်းဆောင်မှုအပေါ် အဆင့်သတ်မှတ်ရာတွင် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ ၃၅၊ နည်းဥပဒေခွဲ (ဇ) ပါ ပြဋ္ဌာန်းချက်နှင့်အညီ သာမန်အောက်၊ သာမန်၊ သာမန်အထက်၊ထူးချွန်အဆင့်ဟူ၍ အဆင့်(၄)ဆင့်သတ်မှတ်ရမည်။ အကဲဖြတ်သူအရာရှိသည် တစ်နှစ်တာအတွင်း လုပ်ငန်းစွမ်းဆောင်မှုများအားလုံးကိုခြုံငုံ၍ အဆင့်သတ်မှတ်ချက်တစ်ခုကိုသာ ပေးရပါမည်။ အကဲဖြတ်ခံဝန်ထမ်းအား လုပ်ငန်းတာဝန်များ ဆောင်ရွက်ခဲ့မှုအပေါ် တိုးတက်မှုရှိ-မရှိကို အသိပေး၍ တိုးတက်အောင်ဆောင်ရွက်နိုင်မည့် အစီအစဉ်ကို ရေးဆွဲရမည်။

my_MMMY