ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ပုဒ်မ၄

အခန်း(၂)

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဖွဲ့စည်းခြင်းနှင့် ခန့်အပ်တာဝန်ပေးခြင်း

အဖွဲ့ဖွဲ့စည်းခြင်း

၄။ နိုင်ငံတော်သမ္မတသည် နိုင်ငံ့ဝန်ထမ်းရွေးချယ်ရေး၊ လေ့ကျင့်ရေးနှင့် နိုင်ငံ့ဝန်ထမ်းစည်းမျဉ်း စည်းကမ်းသတ်မှတ်ရေး တာဝန်များ ထမ်းဆောင်နိုင်ရန် ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်ဦးရေ အနည်းဆုံး ငါးဦးမှ အများဆုံး ခုနှစ်ဦး အထိပါဝင်သော ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို ဖွဲ့စည်းရမည်။

၄။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် မိမိတာဝန်ယူ အကောင်အထည်ဖော်ရသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီလည်းကောင်း၊ ပြည်ထောင်စုအစိုးရနှင့် ကြိုတင်ညှိနှိုင်း၍လည်းကောင်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းများကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။ လိုအပ်သောဝန်ထမ်းများကို ခန့်အပ်နိုင်သည်။

၄။ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇၄ ၏ နောက်တွင် ပုဒ်မ ၇၄-က အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည် –
“ ၇၄-က။ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းသည် လိုအပ်ပါက နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် ပြည်သူ့ဝန်ထမ်းများ၏ ခံစားခွင့်များကို သတ်မှတ်နိုင်သည်။ ယင်းသို့ သတ်မှတ်ရာတွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ အသုံးစရိတ်ကျခံသုံးစွဲရမည့်ကိစ္စဖြစ်လျှင် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေမှ အသုံးစရိတ်ကျခံသုံးစွဲရမည့်ကိစ္စဖြစ်လျှင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်အစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့်လည်းကောင်း ဆောင်ရွက်ရမည်။”

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

(ပုံ) ဝင်းမြင့်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၄။ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ) တွင်ပါရှိသော “ ပြည်ထောင်စုအစိုးရအဖွဲ့” ဆိုသည့် စကားရပ်ကို “ပြည်ထောင်စုအစိုးရအဖွဲ့ရုံး” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၄။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ ပုဒ်မ ၈ တွင် –

  • (က) ပုဒ်မခွဲ (ဃ) ကိုအောက်ပါအတိုင်း အစားထိုးရမည်-
    • “(ဃ) ဝန်ထမ်းရေးရာကိစ္စရပ်များကို သုတေသန ပြုလုပ်ခြင်း၊”
  • ( ခ ) ပုဒ်မခွဲ (ဃ) ၏ နောက်တွင် ပုဒ်မခွဲ (ဃ-၁) အဖြစ်အောက်ပါအတိုင်း ဖြည့်စွက် ရမည်-
    • “(ဃ-၁) ဝန်ထမ်းများ၏ ဝန်ဆောင်မှုအပေါ်ပြည်သူများ၏ သဘောထားအမြင် များကို စစ်တမ်းကောက်ယူပြီး သုတေသနပြုလုပ်ခြင်း၊”
  • ( ဂ ) ပုဒ်မခွဲ (စ) နှင့်  (ဆ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည်-
    • “( စ ) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက မေးမြန်းလာသည့် ဝန်ထမ်းရေးရာကိစ္စရပ် များကို တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ပြန်ကြားခြင်း၊
    • (ဆ) ဝန်ထမ်းများအား အရေးယူခြင်းဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ မှတ်တမ်း များကို စနစ်တကျထိန်းသိမ်းခြင်း၊ နိုင်ငံတော်သမ္မတထံ အစီရင်ခံတင်ပြခြင်း၊”
  • (ဃ) ပုဒ်မခွဲ (ဆ) ၏နောက်တွင် (ဆ-၁) မှ (ဆ-၃) အထိ အောက်ပါ အတိုင်း ဖြည့်စွက်ရမည်-
    • “(ဆ-၁) ပြန်တမ်းဝင်အရာရှိတစ်ဦးဦးအား ဝန်ကြီးဌာနနှင့်ဝန်ထမ်းအဖွဲ့အစည်း တစ်ခုမှတစ်ခုသို့ ပြောင်းရွှေ့လိုသည့် ကိစ္စရပ်များအတွက် ညှိနှိုင်း လာမှုအပေါ် ထိုအရာရှိ၏ လုပ်ငန်းအတွေ့အကြုံသည် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မည့် ဌာန၏ လုပ်ငန်းသဘာဝနှင့် ကိုက်ညီမှု ရှိ၊ မရှိ အပါအဝင် အခြားလိုအပ်သည့် စိစစ်မှုများပြုလုပ်၍ ပြည်ထောင်စုအစိုးရ အဖွဲ့ထံ တင်ပြခြင်း၊
    • (ဆ-၂) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများ၏ ဝန်ထမ်းဖွဲ့စည်းပုံရေးဆွဲတင်ပြ ခြင်း ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ထောက်ခံ အကြံပြု တင်ပြခြင်း၊
    • (ဆ-၃) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများရှိ နိုင်ငံ့ဝန်ထမ်းရာထူးအုပ်စုများအလိုက် ကျွမ်းကျင်မှု မူဘောင်များနှင့် လုပ်ငန်းတာဝန်သတ်မှတ်ချက်များ ရေးဆွဲ နိုင်ရေး အထောက်အကူပြု ပံ့ပိုးကူညီဆောင်ရွက်ခြင်း၊”
  • ( င ) ပုဒ်မခွဲ (ဇ) နှင့် (ဈ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည်-
    • “( ဇ ) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများ၏ ဝန်ထမ်းရွေးချယ်ရေး၊ လေ့ကျင့် ပျိုးထောင်ရေး၊ စည်းကမ်းထိန်းသိမ်းရေးကိစ္စများနှင့်စပ်လျဉ်း၍ စိစစ် ညှိနှိုင်းဆောင်ရွက်ခြင်း၊
    • ( ဈ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရက မိမိတို့ တာဝန်ယူ အကောင် အထည်ဖော်ရသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် နယ်ဘက်ဝန်ထမ်း အဖွဲ့အစည်းများအား ဖွဲ့စည်းခြင်း၊ လိုအပ်သော နယ်ဘက်ဝန်ထမ်းများအား ခန့်အပ်ခြင်းတို့ပြုရာတွင် ပြည်ထောင်စုအစိုးရနှင့် ကြိုတင်ညှိနှိုင်း၍ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ ဖွဲ့စည်းခန့်အပ်နိုင်ရန် ဆောင်ရွက်ခြင်း၊”

၄။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် မိမိတာဝန်ယူ အကောင်အထည်ဖော်ရ သည့်လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းပုံအ‌ခြေခံဥပဒေနှင့် ဤဥပဒေပါပြဋ္ဌာန်းချက်များနှင့် အညီလည်းကောင်း၊ ပြည်ထောင်စုအစိုးရနှင့် ကြိုတင်ညှိနှိုင်း၍လည်းကောင်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများကို လိုအပ်သလိုဖွဲ့စည်းနိုင်သည်။ လိုအပ်သော ဝန်ထမ်းများကို ခန့်အပ်နိုင်သည်။

my_MMMY