ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ(၄)

၄။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ ပုဒ်မ ၈ တွင် –

  • (က) ပုဒ်မခွဲ (ဃ) ကိုအောက်ပါအတိုင်း အစားထိုးရမည်-
    • “(ဃ) ဝန်ထမ်းရေးရာကိစ္စရပ်များကို သုတေသန ပြုလုပ်ခြင်း၊”
  • ( ခ ) ပုဒ်မခွဲ (ဃ) ၏ နောက်တွင် ပုဒ်မခွဲ (ဃ-၁) အဖြစ်အောက်ပါအတိုင်း ဖြည့်စွက် ရမည်-
    • “(ဃ-၁) ဝန်ထမ်းများ၏ ဝန်ဆောင်မှုအပေါ်ပြည်သူများ၏ သဘောထားအမြင် များကို စစ်တမ်းကောက်ယူပြီး သုတေသနပြုလုပ်ခြင်း၊”
  • ( ဂ ) ပုဒ်မခွဲ (စ) နှင့်  (ဆ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည်-
    • “( စ ) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက မေးမြန်းလာသည့် ဝန်ထမ်းရေးရာကိစ္စရပ် များကို တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ပြန်ကြားခြင်း၊
    • (ဆ) ဝန်ထမ်းများအား အရေးယူခြင်းဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ မှတ်တမ်း များကို စနစ်တကျထိန်းသိမ်းခြင်း၊ နိုင်ငံတော်သမ္မတထံ အစီရင်ခံတင်ပြခြင်း၊”
  • (ဃ) ပုဒ်မခွဲ (ဆ) ၏နောက်တွင် (ဆ-၁) မှ (ဆ-၃) အထိ အောက်ပါ အတိုင်း ဖြည့်စွက်ရမည်-
    • “(ဆ-၁) ပြန်တမ်းဝင်အရာရှိတစ်ဦးဦးအား ဝန်ကြီးဌာနနှင့်ဝန်ထမ်းအဖွဲ့အစည်း တစ်ခုမှတစ်ခုသို့ ပြောင်းရွှေ့လိုသည့် ကိစ္စရပ်များအတွက် ညှိနှိုင်း လာမှုအပေါ် ထိုအရာရှိ၏ လုပ်ငန်းအတွေ့အကြုံသည် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မည့် ဌာန၏ လုပ်ငန်းသဘာဝနှင့် ကိုက်ညီမှု ရှိ၊ မရှိ အပါအဝင် အခြားလိုအပ်သည့် စိစစ်မှုများပြုလုပ်၍ ပြည်ထောင်စုအစိုးရ အဖွဲ့ထံ တင်ပြခြင်း၊
    • (ဆ-၂) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများ၏ ဝန်ထမ်းဖွဲ့စည်းပုံရေးဆွဲတင်ပြ ခြင်း ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ထောက်ခံ အကြံပြု တင်ပြခြင်း၊
    • (ဆ-၃) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများရှိ နိုင်ငံ့ဝန်ထမ်းရာထူးအုပ်စုများအလိုက် ကျွမ်းကျင်မှု မူဘောင်များနှင့် လုပ်ငန်းတာဝန်သတ်မှတ်ချက်များ ရေးဆွဲ နိုင်ရေး အထောက်အကူပြု ပံ့ပိုးကူညီဆောင်ရွက်ခြင်း၊”
  • ( င ) ပုဒ်မခွဲ (ဇ) နှင့် (ဈ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည်-
    • “( ဇ ) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများ၏ ဝန်ထမ်းရွေးချယ်ရေး၊ လေ့ကျင့် ပျိုးထောင်ရေး၊ စည်းကမ်းထိန်းသိမ်းရေးကိစ္စများနှင့်စပ်လျဉ်း၍ စိစစ် ညှိနှိုင်းဆောင်ရွက်ခြင်း၊
    • ( ဈ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရက မိမိတို့ တာဝန်ယူ အကောင် အထည်ဖော်ရသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် နယ်ဘက်ဝန်ထမ်း အဖွဲ့အစည်းများအား ဖွဲ့စည်းခြင်း၊ လိုအပ်သော နယ်ဘက်ဝန်ထမ်းများအား ခန့်အပ်ခြင်းတို့ပြုရာတွင် ပြည်ထောင်စုအစိုးရနှင့် ကြိုတင်ညှိနှိုင်း၍ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ ဖွဲ့စည်းခန့်အပ်နိုင်ရန် ဆောင်ရွက်ခြင်း၊”

Tags:  

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

my_MMMY