ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

အပိုဒ်၁၆

၁၆။ အမှုကိစ္စသည် ရှေးဦးစုံစမ်းမှုအဆင့်၌မပြီးပြတ်နိုင်ဘဲ ဌာန ဆိုင်ရာစစ်ဆေးမှုပြုလုပ်ရန် လိုအပ်သောအမှုကိစ္စမျိုးဖြစ်ပါက ရောက်ရှိသည့် အဆင့်မှပင် ဌာနဆိုင်ရာစစ်ဆေးမှုအဆင့်သို့ ဆောလျင်စွာကူးပြောင်း ဆောင်ရွက်နိုင်ရန် ရှေးဦးစုံစမ်းရေးအဖွဲ့ ဖွဲ့စည်းပေးသည့် အကြီးအမှူးထံ စုံစမ်းတွေ့ရှိချက်၊ သဘောထားဖော်ပြချက်တင်ပြရမည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၈၈

အခန်း(၁၁)

အထွေထွေ

 ၁၆။       ကျင့်ဝတ်ဆိုင်ရာပြဿနာများ ပေါ်ပေါက်လာပါက အနီးကပ်ကြီးကြပ်သူအရာရှိက ပြဿနာရင်းမြစ်ကို စုံစမ်း၍ ဖြေရှင်းခြင်း၊ ဆုံးဖြတ်ခြင်း သို့မဟုတ် ကျိုးကြောင်း ဆီလျော်သော သုံးသပ်အကြံပြုချက်တို့ဖြင့် အထက်အဆင့်ဆင့်သို့ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်တင်ပြရမည်။

၁၆။ တစ်နှစ်တာကာလအတွက် စွမ်းဆောင်ရည်အဆင့်ကိုသတ်မှတ်ရာတွင် အောက်ပါအချက် များကို ထည့်သွင်းစဉ်းစားရမည် –

  • (က) တစ်နှစ်တာအတွင်းအဓိကဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၊
  • ( ခ ) ရံဖန်ရံခါ လုပ်ဆောင်မှုများထက် တစ်နှစ်ပတ်လုံး တစ်သမတ်တည်း စွမ်းဆောင် နိုင်မှုများ၊
    ( ဂ ) အကဲဖြတ်ခံဝန်ထမ်း၏ ဆောင်ရွက်မှုများကိုသာမက ဆောင်ရွက်ခဲ့သည့်နည်းလမ်း များနှင့် ဖြစ်ပေါ်ခဲ့သည့် အကျိုးသက်ရောက်မှုများ။
my_MMMY