ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

(၆) အဖွဲ့၏သဘောထားမှတ်ချက်ပေးခြင်း၊ တင်ပြခြင်းနှင့် ပြန်ကြားခြင်း 


Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34

အခန်း(၆)
အဖွဲ့၏သဘောထားမှတ်ချက်ပေးခြင်း၊ တင်ပြခြင်းနှင့် ပြန်ကြားခြင်း

၄၇။  အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဝန်ထမ်းရွေးချယ်ခန့်ထားရေး၊ လေ့ကျင့်ရေး၊ ရာထူးတိုးမြှင့်ရေး၊ စည်းကမ်းထိန်းသိမ်းရေးကိစ္စများနှင့်စပ်လျဉ်း၍လည်းကောင်း ဝန်ကြီး ဌာနနှင့်အဖွဲ့အစည်းများက သဘောထားတောင်းခံလာလျှင် သဘောထားမှတ်ချက် ပေးရမည်။


Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34

၄၈။ ဝန်ကြီးဌာနနှင့် ဝန်ထမ်းအဖွဲ့အစည်းတစ်ခုခုမှ ပြန်တမ်းဝင်အရာရှိတစ်ဦးဦးကို အခြားဝန်ကြီးဌာနနှင့် ဝန်ထမ်းအဖွဲ့အစည်းတစ်ခုသို့ ပြောင်းရွှေ့ခန့်ထားလို၍ ညှိနှိုင်း လာသည့်အပေါ် လိုအပ်သည့်စိစစ်မှုများ ပြုလုပ်ခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းသို့ ပြန်ကြားခြင်းတို့ကို ဆောင်ရွက် ပေးရမည်။


Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34

၄၉။ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများတွင် ဖွင့်လှစ်သော သင်တန်းများ၌ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းစည်းမျဉ်း၊ ဝန်ထမ်းစည်းကမ်း၊ ဝန်ထမ်း ကျင့်ဝတ်၊ ဝန်ထမ်းသမိုင်း၊ ဝန်ထမ်းရေးရာစီမံခန့်ခွဲမှု ဘာသာရပ်များကို ဆွေးနွေးပို့ချ ပေးရန် ညှိနှိုင်းလာလျှင် အဖွဲ့က လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးရမည်။


Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34

၅၀။  အဖွဲ့သည် –

  • (က)   ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်းပြုခဲ့သည့် ဝန်ထမ်းများ၏ စာရင်းကို မှတ်တမ်းတင် အစီရင်ခံစာပြုစု၍ နိုင်ငံတော်သမ္မတထံသို့ နှစ်စဉ် တင်ပြရမည်။
  • ( ခ )  ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သုတေသနပြုရာတွင် လိုအပ်သော အချက်အလက်များကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများထံမှ တောင်းခံရယူနိုင်သည်။


Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34

၅၁။ ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ (ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အမိန့်ကြော်ငြာစာအမှတ်၁/၂၀၁၁) ကို ဤနည်းဥဒေများဖြင့် ပယ်ဖျက်လိုက်သည်။

(ပုံ) ဝင်းသိမ်း
ဥက္ကဋ္ဌ
ပြည်ထောင်စုရာထူးဝန်အဖွဲ့

my_MMMY