ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

(၄) ဝန်ထမ်းများလေ့ကျင့်ခြင်း

၃၉။    စာရေးဝန်ထမ်းသင်တန်းသို့ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက ရွေးချယ် စေလွှတ်သော ကျန်းမာရေးကောင်းမွန်သည့် အသက် (၄၅)နှစ်နှင့်အောက် အငယ်တန်း စာရေးနှင့် အကြီးတန်းစာရေးများ တက်ရောက်ရမည်။ *၃၀-၁-၂၀၂၃ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။

၄၀။    သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းသည် အထူးကိစ္စတစ်ရပ်အနေဖြင့် အဖွဲ့က တိုက်ရိုက်ရွေးချယ်သော ဝန်ထမ်းလောင်းများအား အရာထမ်းလောင်း (အထူး) သင်တန်းသို့ တက်ရောက်နိုင်စေရန် အဖွဲ့နှင့်ညှိနှိုင်းဆောင်ရွက်ရမည်။ *၃၀-၁-၂၀၂၃ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။

၄၁။ အဖွဲ့သည် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများရှိ အရာထမ်းများအား လေ့ကျင့် ပျိုးထောင်ရန် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပပေးရမည်။

၄၂။     ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသည် မိမိတို့၏ လုပ်ငန်းသဘာဝအရ လုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ခြင်းမှအပ စီမံခန့်ခွဲရေးဆိုင်ရာနှင့် ဝန်ထမ်းရေးရာ သင်တန်းများကို နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်လိုပါက အဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်ရမည်။ *၃၀-၁-၂၀၂၃ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။

my_MMMY