အခန်း(၃)
ရာထူးတိုးမြှင့်ခြင်း
၂၀။ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအလိုက် ရာထူးအဆင့်တိုးမြှင့်ခန့်ထားရန် အနည်းဆုံး လိုအပ်သော ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်း၊ ရာထူးသက်နှင့် လုပ်သက် တို့ကို ရာထူးအမျိုးအစားကို မူတည်၍ ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုသတ်မှတ် ပေးရမည်။