ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ – Mobile


Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34

၁၆။       အဖွဲ့က ဖွဲ့စည်းသည့် လူတွေ့စစ်ဆေးရေးအဖွဲ့သည် အောက်ပါအရည်အချင်းများကို စစ်ဆေး၍ အကဲဖြတ်အမှတ်ပေးရမည်-

  • (က)    ရုပ်ပိုင်းဆိုင်ရာဥပဓိရုပ် ကောင်းမွန်မှု၊
  • ( ခ )    ပြည်တွင်း၊ ပြည်ပဗဟုသုတရှိမှု၊
  • ( ဂ )   တာဝန်ထမ်းဆောင်မည့်ရာထူးနှင့် သက်ဆိုင်သော လုပ်ငန်းဗဟုသုတရှိမှု၊
  • (ဃ)    သွက်လက်ပြတ်သားမှု၊
  • ( င )    ထိုးထွင်းဉာဏ်ကောင်းမှု။


Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34

၁၇။       အဖွဲ့သည် လူတွေ့စစ်ဆေးရေးအဖွဲ့က အကဲဖြတ်အမှတ်ပေးထားသော ရမှတ်များကို စုပေါင်း၍ အမှတ်အများအနည်းအလိုက် လစ်လပ်ရာထူးဦးရေနှင့်အညီ ရွေးချယ်ပေးရမည်။ အရန် ရွေးချယ်မည့်ဦးရေကို အဖွဲ့၏ရာထူးရွေးချယ်ရေးအစည်းအဝေး ဆုံးဖြတ်ချက်နှင့်အညီ သတ်မှတ် လျာထားနိုင်သည်။


Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34

၁၈။       အဖွဲ့သည် ဝန်ထမ်းစစ်ဆေးရွေးချယ်ရာတွင် ကျွမ်းကျင်မှုဆိုင်ရာအကူအညီ လိုအပ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများထံမှလည်းကောင်း၊ ကျွမ်းကျင်သူပုဂ္ဂိုလ်များထံမှ လည်းကောင်း အကူအညီတောင်းခံနိုင်သည်။


Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34

၁၉။       ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက ရွေးချယ်ခန့်ထားခွင့်ရှိသော စတင်ခန့်ရာထူးများသို့ ဝန်ထမ်းများ ရွေးချယ်ခန့်ထားနိုင်ရေးအတွက် စိတ်အခြေအနေစစ်ဆေးပေးရန် မေတ္တာရပ်ခံလာလျှင် အဖွဲ့က ကူညီရမည်။


Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34

အခန်း()

ရာထူးတိုးမြှင့်ခြင်း

၂၀။      ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအလိုက် ရာထူးအဆင့်တိုးမြှင့်ခန့်ထားရန် အနည်းဆုံးလိုအပ်သော ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်း၊ ရာထူးသက်နှင့်လုပ်သက်တို့ကို ရာထူး အမျိုးအစားကို မူတည်၍ ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုသတ်မှတ်ပေးရမည်။


Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34

၂၁။       ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသည် ရာထူးတိုးမြှင့်ရေးအတွက် အရည်အချင်းစိစစ် အကဲဖြတ်ရာတွင် ဌာန၏ဖွဲ့စည်းပုံအင်အားတွင် ပါဝင်သည့် ဌာနပြင်ပသို့ရောက်ရှိနေသော ဝန်ထမ်း များကိုပါ ထည့်သွင်းစဉ်းစားရမည်။


Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34

၂၂။        ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသည် ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူးနေရာ လစ်လပ်သဖြင့် ရာထူးတိုးမြှင့်ခန့်ထားရန် လိုအပ်သည့်အခါ သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့ အစည်းက အတည်ပြုရေးဆွဲထားသော တန်းစီဇယားအတွင်းမှ ဝန်ထမ်းများကို အဖွဲ့သို့ အဆိုပြု ညှိနှိုင်း၍ သဘောတူညီချက်ရယူရမည်။


Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34

၂၃။       အဖွဲ့သည် နည်းဥပဒေ ၂၂ အရ အဆိုပြုညှိနှိုင်းလာသည့်ကိစ္စနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ အချက်များကို စိစစ်ဆောင်ရွက်ရမည်-

  • (က)    ရာထူးတိုးမြှင့်ခန့်ထားရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းက သဘောတူညီထားခြင်းရှိ မရှိ၊
  • ( ခ )    တိုးမြှင့်ခန့်ထားမည့် ရာထူးသည် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း၏ ဖွဲ့စည်းပုံတွင် ပါဝင်ခြင်း ရှိ မရှိ၊
  • ( ဂ )    တိုးမြှင့်ခန့်ထားရန် အဆိုပြုသည့် ဝန်ထမ်းများအတွက် လစ်လပ်ရာထူးနေရာ လုံလောက်မှု ရှိ မရှိ၊
  • (ဃ)    သတ်မှတ်ချက်နှင့် ညီညွတ်သည့် ဝန်ထမ်းအားလုံးကို ရေးဖြေနှင့် လက်တွေ့ စစ်ဆေးခြင်း ရှိ မရှိ၊
  • ( င )    ရာထူးသက်၊ လုပ်သက် တွက်ချက်ထားသည့် နေ့ရက်ပါရှိခြင်း ရှိ မရှိ၊
  • ( စ )    တန်းစီဇယား အတည်ပြုသည့်နေ့ရက်ပါရှိခြင်း ရှိ မရှိနှင့် တန်းစီဇယား၏ သက်တမ်းကုန်ဆုံးခြင်း ရှိ မရှိ၊
  • (ဆ)    တန်းစီဇယားတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း၏ အရည်အချင်း စစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၏ အမည်၊ ရာထူးနှင့် လက်မှတ်များပါရှိခြင်း ရှိ မရှိ၊
  • ( ဇ )    တန်းစီဇယားတွင် စုစုပေါင်းရမှတ်  တူညီနေပါက အမှတ်တူရှင်းလင်းချက် ဖော်ပြ ထားခြင်း ရှိ မရှိ၊
  • (စျ)     အဆိုပြုဝန်ထမ်းများအတွက် ကိုယ်ရေးမှတ်တမ်းများပါရှိခြင်းရှိ မရှိ၊
  • (ည)    အဆိုပြုဝန်ထမ်းများ၏ ရာထူးသက်၊ လုပ်သက်သည် နည်းဥပဒေ ၂၀ အရ သတ်မှတ်ချက်နှင့် ညီညွတ်ခြင်း ရှိ မရှိ၊
  • ( ဋ )    အဆိုပြုဝန်ထမ်း တာဝန်ထမ်းဆောင်နေသည့် ရာထူးအမျိုးအစားနှင့်တိုးမြှင့် ခန့်ထားမည့် ရာထူးအမျိုးအစားတို့ ညီညွတ်ခြင်း ရှိ မရှိ၊
  • ( ဌ )    အဆိုပြုဝန်ထမ်းများသည် အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့်ခံစားရမည့်ကာလ ဖြစ်နေပါက ကြိုတင်ပြင်ဆင်ခွင့်ခံစားနေခြင်း ရှိ မရှိနှင့် သက်ဆိုင်ရာဌာနက ယင်းခွင့်ကို ငြင်းပယ်ထားခြင်း ရှိ မရှိ။


Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34

၂၄။       အဖွဲ့သည် နည်းဥပဒေ ၂၃ ပါ စိစစ်ချက်များကို အဖွဲ့၏ ပုံမှန်အစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းသို့ သဘောထားပြန်ကြားရမည်။


Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34

၂၅။       သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသည် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ပြီး အရည်အချင်းပြည့်ဝသော ထူးချွန်သည့် ဝန်ထမ်းများကို သင့်တင့်သောကာလအတွင်း တစ်ဆင့်မြင့် ရာထူးများတွင် တိုးမြှင့်ခန့်ထားခြင်းဖြင့် ထိုက်ထိုက်တန်တန် ချီးမြှင့်သည့်သဘောသက်ရောက်စေရန် လည်းကောင်း၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများအတွင်း အတွေ့အကြုံရှိ၍ ထူးခြားပြောင်မြောက်စွာ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား အကျိုးခံစားခွင့်ရှိစေရန်လည်းကောင်း၊ ရာထူး အဆင့်ဆင့်တွင် ခါးဆက်မပြတ်ရေးအတွက် စီမံချက်ဖြင့်ဆောင်ရွက်နိုင်ရန်လည်းကောင်း သတ်မှတ် ရာထူးသက်မပြည့်မီစေကာမူ အထူးကိစ္စရပ်အနေဖြင့် ရာထူးတိုးမြှင့်ခန့်ထားရန် ဆောင်ရွက်နိုင် သည်။

my_MMMY