Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
လုပ်ငန်းစွမ်းဆောင်ရည် အကဲဖြတ်သုံးသပ်မှုတွင် အသုံးပြုသင့်သည့် မေးခွန်းများ
၁၀။ ဝန်ထမ်းမှပွင့်လင်းစွာပြောဆိုလာစေရန် အကဲဖြတ်သူအရာရှိအနေဖြင့် ပြင်ဆင်ထား သင့်သည့် မေးခွန်းအချို့ကို နမူနာအဖြစ် အောက်ပါအတိုင်းဖော်ပြထားပါသည် –
- (က) တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းတာဝန်တွေကဘာတွေလဲ။
- ( ခ ) ဘယ်လုပ်ငန်းတာဝန်တွေကိုအဆင်ပြေပြေစွမ်းဆောင်နိုင်ခဲ့သလဲ။
- ( ဂ ) ဘယ်လုပ်ငန်းတာဝန်ကအခက်အခဲရှိသလဲ။
- (ဃ) ဘယ်လုပ်ငန်းတာဝန်ကစိန်ခေါ်မှုအကြီးမားဆုံးလဲ။
- ( င ) မအောင်မြင်ခဲ့သည့် လုပ်ငန်းတာဝန်ရှိပါသလား/ ဘယ်နှစ်ခုလဲ။
- ( စ ) မိမိဂုဏ်အယူရဆုံးကဘာလဲ။
- (ဆ) တစ်နှစ်တာအတွင်းအခက်အခဲရှိခဲ့တဲ့ လုပ်ငန်းတာဝန်တွေအပေါ် ရလဒ်ကောင်းတွေ ရရှိအောင် ဘယ်လိုလုပ်သင့်သလဲ။
- ( ဇ ) တစ်နှစ်တာအတွင်း သတ်မှတ်ထားသည့်လုပ်ငန်းတာဝန်ကို ပြီးဆုံးအောင် မဆောင်ရွက် နိုင်ခဲ့သည့် အကြောင်းအရင်းမှာ ဘာတွေလဲ။
- (ဈ) အဲဒီလိုအဆင်မပြေခြင်းကို ပြောင်းလဲသွားအောင် ဘယ်လိုလုပ်နိုင်မယ်လို့ ထင်သလဲ/ ဘယ်လိုအကူအညီမျိုးထောက်ပံ့ပေးရန် လိုအပ်သလဲ။