Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရာထူးဝန်အဖွဲ့
အမိန့်ကြော်ငြာစာအမှတ် ၁၁၈/၂၀၂၀
၁၃၈၂ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၀ ရက် )
ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံဝန်ထမ်းဥပဒေပုဒ်မ ၇၆၊ ပုဒ်မခွဲ(ခ) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြန်တမ်းဝင်အရာရှိအဆင့် (ဦးစီးအရာရှိနှင့်အဆင့်တူရာထူး) သို့တိုးမြှင့်ခန့်ထားမည့်ဝန်ထမ်းများကို ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ စွမ်းဆောင်ရည်အကဲဖြတ်သည့်စနစ်ဖြင့် ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံဝန်ထမ်းနည်းဥပဒေများ ၊ နည်းဥပဒေ ၁၄၊ နည်းဥပဒေခွဲ(ဂ) အရ ပြန်တမ်းဝင်အရာရှိရာထူးသို့ တိုးမြင့်ခန့်အပ်ရန် ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ အဆိုပြုလာသည့် ကိစ္စရပ်များတွင် အဆိုပါအကဲဖြတ်မှတ်တမ်းများကို တစ်ပါတည်း ပူးတွဲပေးပို့နိုင်ရန်အတွက် ပြန်တမ်းဝင်အရာရှိအဆင့် (ဦးစီးအရာရှိနှင့်အဆင့်တူရာထူး) သို့တိုးမြှင့်ခန့်ထားမည့်ဝန်ထမ်းများအတွက် ရလဒ်ကိုအခြေခံသည့် စွမ်းဆောင်ရည်အကဲဖြတ်သည့်စနစ်ကို ဤအမိန့်ကြော်ငြာစာဖြင့်ထုတ်ပြန်လိုက်သည်။
(ဝင်းသိမ်း)
ဥက္ကဋ္ဌ
ပြည်ထောင်စုရာထူးဝန်အဖွဲ့
စာအမှတ်၊ ၃၁၉၃ / ဥပဒေ / ၁ / ၂၀၂၀
ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘလ ၃၀ ရက်