ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ နည်းဥပဒေ၂၂
၂၂။ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသည် ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူးနေရာ လစ်လပ်သဖြင့် ရာထူးတိုးမြှင့်ခန့်ထားရန် လိုအပ်သည့်အခါ သက်ဆိုင်ရာ ဝန်ကြီးဌာန နှင့်အဖွဲ့အစည်းက အတည်ပြုရေးဆွဲထားသော တန်းစီဇယားအတွင်းမှ ဝန်ထမ်း များကို အဖွဲ့သို့ အဆိုပြုညှိနှိုင်း၍ သဘောတူညီချက်ရယူရမည်။ ပြန်တမ်းဝင်အရာရှိ အဆင့် စတင်ခန့်ရာထူးသို့ တိုးမြှင့်ခန့်ထားမည့်ဝန်ထမ်းများအတွက် စိတ်အခြေအနေ စစ်ဆေးခြင်းကို အဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။*၃၀-၁-၂၀၂၃ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။