ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

၃။ ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့အနေဖြင့် ဝန်ထမ်းအား စစ်ဆေးမှု ပြုလုပ်နိုင်ရေးအတွက် ဝန်ထမ်းရှိရာဌာနသို့သွားရောက်စစ်ဆေးရန် အခက်အခဲကြုံတွေ့လျက်ရှိနေပါသဖြင့် အမှုစစ်ဆေးခြင်း ကို Video Conferencing System ဖြင့် ပြုလုပ်နိုင်ခြင်း ရှိ/မရှိကိစ္စ

၃။         ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့အနေဖြင့် ဝန်ထမ်းအား စစ်ဆေးမှု ပြုလုပ်နိုင်ရေးအတွက် ဝန်ထမ်းရှိရာဌာနသို့သွားရောက်စစ်ဆေးရန် အခက်အခဲကြုံတွေ့လျက်ရှိနေပါသဖြင့် အမှုစစ်ဆေးခြင်း ကို Video Conferencing System ဖြင့် ပြုလုပ်နိုင်ခြင်း ရှိ/မရှိကိစ္စ          

သက်ဆိုင်ရာဌာနအနေဖြင့် ဌာနဆိုင်ရာစစ်ဆေးမှု ဖွင့်လှစ်၍ အရေးယူခြင်းခံရသည့် ဝန်ထမ်းသည် ဒုတိယညွှန်ကြားရေးမှူးချုပ် ရာထူးဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၉၄၊ နည်းဥပဒေခွဲ (ဂ)၊ နည်းဥပဒေခွဲငယ် (၁) ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းရာ၌ ဒုတိယညွှန်ကြားရေးမှူးချုပ် (၃) ဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ ဝန်ထမ်းအား စွဲချက်လွှာပေးပို့ခဲ့သော်လည်း သတ်မှတ်ထားသည့်နေ့ရက်တွင် ချေပလွှာပြန်လည် ပေးပို့လာခြင်းမရှိသည့်အတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပ ဒေ ၁၉၅၊ နည်းဥပဒေခွဲ (ည) ပါပြဋ္ဌာန်းချက်နှင့်အညီ ယင်း၏မျက်ကွယ်၌ သက်သေများကို စစ်မေးနိုင်မည် ဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ တွင် ရှေးဦးစုံစမ်းမှု သို့မဟုတ် ဌာနဆိုင်ရာစစ်ဆေးမှုကို Video Conferencing System ဖြင့် ဆောင်ရွက်နိုင်ကြောင်း ပြဋ္ဌာန်း ထားခြင်းမရှိသကဲ့သို့ ဆောင်ရွက်ခြင်းမပြုရဟု တားမြစ်ထားခြင်းလည်းမရှိပါ။ ဌာနအနေဖြင့် လက်ရှိအခြေအနေအရ ဌာနဆိုင်ရာစစ်ဆေးမှုကို Video Conferencing System ဖြင့် ဆောင်ရွက် လိုပါက ဌာန၏ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည့်စုံမှန်ကန်ခိုင်မာစွာ ဆောင်ရွက်သင့်ပါသည်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်ကိုလည်း ညှိနှိုင်း ရယူဆောင်ရွက်သင့်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

my_MMMY