ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ဝန်ထမ်းကျင့်ဝတ် အပိုဒ်၁

ပြည်ထောင်စုရာထူးဝန်အဖွဲ့

 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရာထူးဝန်အဖွဲ့

ဝန်ထမ်းကျင့်ဝတ်

၂၀၁၇ ခုနှစ်

 

အမှာ

နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်ယန္တရားတစ်ခုလုံးကို ကောင်းမွန်စွာ သက်ဝင်လှုပ်ရှားစေရန် ဆောင်ရွက်နေကြသူများ ဖြစ်ကြပါသည်။ နိုင်ငံရေး၊ စီးပွားရေး စနစ်များ၊ အစိုးရအဖွဲ့များ မည်သို့ ပြောင်းလဲစေကာမူ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်ယန္တရားအား စဉ်ဆက်မပြတ် သက်ဝင်လှုပ်ရှားစေရန်  ဆောင်ရွက်ကြရပါသည်။

နိုင်ငံ့ဝန်ထမ်းများ သိရှိလိုက်နာနိုင်စေရန် အလို့ငှာ မူလအခြေခံ နည်းဥပဒေများ (Fundamental Rules-FR)၊ နောက်ဆက်တွဲ နည်းဥပဒေ များ (Supplementary Rules-SR)၊ မြို့ပြ ဝန်ထမ်းစည်းမျဉ်းများ (Civil Service Regulations) တို့မှ ထုတ်နုတ် ဘာသာပြန်ထားသည့် ဝန်ထမ်းစည်းမျဉ်းများဆိုင်ရာ ကောက်နုတ်ချက် စာစောင် (၁၉၈၄ခုနှစ်)၊ ဝန်ထမ်း စည်းကမ်းထိန်းသိမ်းရေး လက်စွဲ(၁၉၈၅ ခုနှစ်)၊ အစိုးရ ဝန်ထမ်းများ ကျင့်ဝတ်နည်းဥပဒေများတို့ပါ ဖော်ပြချက်များ အနက်မှ ဝန်ထမ်းများ အလွယ်တကူ သိရှိလိုက်နာ ကျင့်သုံးနိုင်ရန် အတွက် အဓိကကျသော အချက် များကို ကောက်နုတ်၍ “ ဝန်ထမ်းကျင့်ဝတ်” စာစောင်ကို ၃၁-၇-၁၉၉၁ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃၁/၉၁) ၏ သဘောတူညီချက်ဖြင့် ထုတ်ဝေခဲ့ပြီး ၁၀-၁၂-၁၉၉၁ ရက်နေ့မှစ၍ ”ဝန်ထမ်းကျင့်ဝတ် စာစောင်” ဟု ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။ ယင်းဝန်ထမ်းကျင့်ဝတ် စာစောင်ကို အခြေခံ၍ ၃-၉-၂၀ဝ၄ ရက်နေ့တွင်ကျင်းပသော ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၃၄/၂၀၀၄) ၏ သဘောတူညီချက်အရ “ ဝန်ထမ်းကျင့်ဝတ်” ပြင်ဆင်ဖြည့်စွက်ချက်များဖြင့် ပြုစုထုတ်ဝေခဲ့ပါသည်။

နိုင်ငံ့ဝန်ထမ်းဥပဒေကို ၈-၃-၂၀၁၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၅ ဖြင့်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ၂၆-၃-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ် ၁၂/၂၀၁၄ ဖြင့်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေကိုပြင်ဆင်သည့်ဥပဒေကို ၉-၁၂-၂၀၁၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၂ ဖြင့်လည်းကောင်း ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီးဖြစ်သဖြင့် ယခင်ဝန်ထမ်း ကျင့်ဝတ်စာစောင်ပါ ဖော်ပြချက်အချို့သည် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်အချို့နှင့် ကွဲလွဲမှုများရှိနေသည့်အတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ဌာနတွင်း၌ ဦးစွာဆွေးနွေးပြီးနောက် ဝန်ကြီးဌာနနှင့် အဖွဲ့ အစည်းများမှ တာဝန်ရှိသူများအား ဖိတ်ခေါ်ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်၍ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်ရယူပြီး နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၇၆၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤ “ ဝန်ထမ်းကျင့်ဝတ်” စာစောင်ကို ပြင်ဆင်ချက်များ၊ ဖြည့်စွက်ချက်များဖြင့် ထပ်မံထုတ်ဝေခြင်းဖြစ်ပါသည်။

ဤစာစောင်တွင် နိုင်ငံ့ဝန်ထမ်းတိုင်းက အလွယ်တကူဖတ်ရှု၊ သိမြင်နားလည်စေရန်နှင့် နည်းလမ်းမှန်ကန်စွာ လိုက်နာနိုင်စေရန်ရည်ရွယ်၍ဥပဒေအသုံးအနှုန်းများကို လွယ်ကူရှင်းလင်းစွာ နားလည်နိုင်စေရန် ပြုစုထားပါသည်။ လိုအပ်သည့်နေရာများတွင် ဥပဒေ ပုဒ်မနှင့် နည်းဥပဒေများကို ရည်ညွှန်းဖော်ပြထားသဖြင့် အသေးစိတ် သိရှိလိုပါက မူရင်းဥပဒေ၊ နည်းဥပဒေများကို လေ့လာဖတ်ရှုကြရန် ဖြစ်ပါသည်။
ဤ “ဝန်ထမ်းကျင့်ဝတ်” စာစောင်ပါပြဋ္ဌာန်းချက်များသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဘဏ္ဍာငွေမှ ကျခံထုတ်ပေးသည့် လစာနှင့်စရိတ်များကို ခံစားခွင့်ရှိသော ဝန်ထမ်းများနှင့်သက်ဆိုင်ပါသည်။ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံတော်ဘဏ္ဍာငွေမှ ကျခံထုတ်ပေးသည့် လစာနှင့်စရိတ်များကို ခံစားခွင့်ရှိသော ဝန်ထမ်းများဖြစ်သော်လည်း ယင်းတို့၏လုပ်ငန်းသဘာဝ နှင့်တာဝန်တို့အရ ဤ “ဝန်ထမ်းကျင့်ဝတ်” စာစောင်ပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိပါ။

 

အခန်း(၁)
ဝန်ထမ်းများ လိုက်နာရမည့်တာဝန်များ

၁။ ဝန်ထမ်းများလိုက်နာရမည့် တာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည် –

  • (က) နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်း၊
  • (ခ) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက် များကို လိုက်နာခြင်း၊
  • (ဂ) နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို အလေးထား၍ဆောင်ရွက်ခြင်း၊
  • (ဃ) နိုင်ငံတော်ပိုင်ပစ္စည်း၊ နိုင်ငံတော်ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့် အလွဲသုံးစားမှုမပြုရေးတို့အတွက် ထိန်းသိမ်း စောင့်ရှောက်ခြင်း၊
  • (င) မိမိအားပေးအပ်ထားသော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ခြင်း၊
  • (စ) နိုင်ငံ့ဝန်ထမ်းဥပဒေအရပြုလုပ်သော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်၊ ညွှန်ကြားချက်များ၊  ဝန်ထမ်းအဖွဲ့အစည်းအလိုက်သီးခြားသတ်မှတ်ထားသော လုပ်ငန်းခွင်စည်းကမ်းများ၊အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာခြင်း၊
  • (ဆ) ပါတီနိုင်ငံရေးကင်းရှင်းခြင်း၊
  • (ဇ) ရာထူးဝန်အဖွဲ့က သတ်မှတ်ထားသော သင်တန်းများကို တက်ရောက်ခြင်း၊
  • (ဈ) အကျင့်စာရိတ္တပျက်ပြားခြင်းနှင့် သိက္ခာမဲ့စွာပြုမူနေထိုင်ခြင်း တို့မှ ရှောင်ကြဉ်ခြင်း၊
  • (ည) တာဝန်အရအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကိုအလွဲသုံးစား ပြုခြင်းမှ ရှောင်ကြဉ်ခြင်း၊
  • (ဋ) လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
  • (ဌ) ပြည်သူကို ရိုသေလေးစားစွာ ဝန်ဆောင်မှုပေးခြင်း။နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၁၀

ပြည်ထောင်စုရာထူးဝန်အဖွဲ့

 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရာထူးဝန်အဖွဲ့

ဝန်ထမ်းကျင့်ဝတ်

၂၀၁၇ ခုနှစ်

 

အမှာ

နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်ယန္တရားတစ်ခုလုံးကို ကောင်းမွန်စွာ သက်ဝင်လှုပ်ရှားစေရန် ဆောင်ရွက်နေကြသူများ ဖြစ်ကြပါသည်။ နိုင်ငံရေး၊ စီးပွားရေး စနစ်များ၊ အစိုးရအဖွဲ့များ မည်သို့ ပြောင်းလဲစေကာမူ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်ယန္တရားအား စဉ်ဆက်မပြတ် သက်ဝင်လှုပ်ရှားစေရန်  ဆောင်ရွက်ကြရပါသည်။

နိုင်ငံ့ဝန်ထမ်းများ သိရှိလိုက်နာနိုင်စေရန် အလို့ငှာ မူလအခြေခံ နည်းဥပဒေများ (Fundamental Rules-FR)၊ နောက်ဆက်တွဲ နည်းဥပဒေ များ (Supplementary Rules-SR)၊ မြို့ပြ ဝန်ထမ်းစည်းမျဉ်းများ (Civil Service Regulations) တို့မှ ထုတ်နုတ် ဘာသာပြန်ထားသည့် ဝန်ထမ်းစည်းမျဉ်းများဆိုင်ရာ ကောက်နုတ်ချက် စာစောင် (၁၉၈၄ခုနှစ်)၊ ဝန်ထမ်း စည်းကမ်းထိန်းသိမ်းရေး လက်စွဲ(၁၉၈၅ ခုနှစ်)၊ အစိုးရ ဝန်ထမ်းများ ကျင့်ဝတ်နည်းဥပဒေများတို့ပါ ဖော်ပြချက်များ အနက်မှ ဝန်ထမ်းများ အလွယ်တကူ သိရှိလိုက်နာ ကျင့်သုံးနိုင်ရန် အတွက် အဓိကကျသော အချက် များကို ကောက်နုတ်၍ “ ဝန်ထမ်းကျင့်ဝတ်” စာစောင်ကို ၃၁-၇-၁၉၉၁ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃၁/၉၁) ၏ သဘောတူညီချက်ဖြင့် ထုတ်ဝေခဲ့ပြီး ၁၀-၁၂-၁၉၉၁ ရက်နေ့မှစ၍ ”ဝန်ထမ်းကျင့်ဝတ် စာစောင်” ဟု ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။ ယင်းဝန်ထမ်းကျင့်ဝတ် စာစောင်ကို အခြေခံ၍ ၃-၉-၂၀ဝ၄ ရက်နေ့တွင်ကျင်းပသော ပြည်ထောင်စုမြန်မာနိုင်ငံတော်

ဤစာစောင်တွင် နိုင်ငံ့ဝန်ထမ်းတိုင်းက အလွယ်တကူဖတ်ရှု၊ သိမြင်နားလည်စေရန်နှင့် နည်းလမ်းမှန်ကန်စွာ လိုက်နာနိုင်စေရန်ရည်ရွယ်၍ဥပဒေအသုံးအနှုန်းများကို လွယ်ကူရှင်းလင်းစွာ နားလည်နိုင်စေရန် ပြုစုထားပါသည်။ လိုအပ်သည့်နေရာများတွင် ဥပဒေ ပုဒ်မနှင့် နည်းဥပဒေများကို ရည်ညွှန်းဖော်ပြထားသဖြင့် အသေးစိတ် သိရှိလိုပါက မူရင်းဥပဒေ၊ နည်းဥပဒေများကို လေ့လာဖတ်ရှုကြရန် ဖြစ်ပါသည်။
ဤ “ဝန်ထမ်းကျင့်ဝတ်” စာစောင်ပါပြဋ္ဌာန်းချက်များသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဘဏ္ဍာငွေမှ ကျခံထုတ်ပေးသည့် လစာနှင့်စရိတ်များကို ခံစားခွင့်ရှိသော ဝန်ထမ်းများနှင့်သက်ဆိုင်ပါသည်။ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံတော်ဘဏ္ဍာငွေမှ ကျခံထုတ်ပေးသည့် လစာနှင့်စရိတ်များကို ခံစားခွင့်ရှိသော ဝန်ထမ်းများဖြစ်သော်လည်း ယင်းတို့၏လုပ်ငန်းသဘာဝ နှင့်တာဝန်တို့အရ ဤ “ဝန်ထမ်းကျင့်ဝတ်” စာစောင်ပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိပါ။

 

အခန်း (၁)
ဝန်ထမ်းများ လိုက်နာရမည့်တာဝန်များ

၁။ ဝန်ထမ်းများလိုက်နာရမည့် တာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည် –

  • (က) နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်း၊
  • (ခ) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက် များကို လိုက်နာခြင်း၊
  • (ဂ) နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို အလေးထား၍ဆောင်ရွက်ခြင်း၊
  • (ဃ) နိုင်ငံတော်ပိုင်ပစ္စည်း၊ နိုင်ငံတော်ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့် အလွဲသုံးစားမှုမပြုရေးတို့အတွက် ထိန်းသိမ်း စောင့်ရှောက်ခြင်း၊
  • (င) မိမိအားပေးအပ်ထားသော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ခြင်း၊
  • (စ) နိုင်ငံ့ဝန်ထမ်းဥပဒေအရပြုလုပ်သော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်၊ ညွှန်ကြားချက်များ၊  ဝန်ထမ်းအဖွဲ့အစည်းအလိုက်သီးခြားသတ်မှတ်ထားသော လုပ်ငန်းခွင်စည်းကမ်းများ၊အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာခြင်း၊
  • (ဆ) ပါတီနိုင်ငံရေးကင်းရှင်းခြင်း၊
  • (ဇ) ရာထူးဝန်အဖွဲ့က သတ်မှတ်ထားသော သင်တန်းများကို တက်ရောက်ခြင်း၊
  • (ဈ) အကျင့်စာရိတ္တပျက်ပြားခြင်းနှင့် သိက္ခာမဲ့စွာပြုမူနေထိုင်ခြင်း တို့မှ ရှောင်ကြဉ်ခြင်း၊
  • (ည) တာဝန်အရအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကိုအလွဲသုံးစား ပြုခြင်းမှ ရှောင်ကြဉ်ခြင်း၊
  • (ဋ) လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
  • (ဌ) ပြည်သူကို ရိုသေလေးစားစွာ ဝန်ဆောင်မှုပေးခြင်း။

Tags:  

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

my_MMMY