ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ပါတီနိုင်ငံရေးကင်းရှင်းရန်စည်းကမ်းများ

ပါတီနိုင်ငံရေးကင်းရှင်းရန်စည်းကမ်းများ

၈။ ဝန်ထမ်းသည် ပါတီနိုင်ငံရေးကင်းရှင်းရေးနှင့်စပ်လျဉ်း၍ အောက်ပါ တို့ကို ရှောင်ကြဉ်ရမည်-

  • (က) ပါတီနိုင်ငံရေး ပြုလုပ်ခြင်း၊ ပါတီနိုင်ငံရေးလှုပ်ရှားမှုအတွက် ငွေကြေးအကူအညီပေးခြင်း၊ အခြားနည်းထောက်ပံ့ ကူညီခြင်း၊
  • (ခ) ပါတီနိုင်ငံရေး အဖွဲ့အစည်းတွင် ပါဝင်ခြင်း၊
  • (ဂ) နိုင်ငံတော်အစိုးရက အခါအားလျော်စွာသတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ ဖွဲ့စည်းထားခြင်းမဟုတ်      သည့် အသင်းအဖွဲ့၊ အစည်းအရုံး၊ သမဂ္ဂစသည်တို့တွင် ပါဝင်ခြင်း၊
  • (ဃ) မည်သည့်ရွေးကောက်ပွဲတွင်မျှ ကိုယ်စားလှယ်လောင်း အဖြစ် ဖြစ်စေ၊ ကိုယ်စားလှယ်လောင်း၏ ကိုယ်စား လှယ်အဖြစ် ဖြစ်စေ ပါဝင်ခြင်း၊
  • (င) မည်သည့်ရွေးကောက်ပွဲတွင်မဆို မဲဆွယ်ခြင်း၊ အကူအညီ ပေးခြင်း၊
  • (စ) ရုံးတွင်းရုံးပြင်၌ ပါတီနိုင်ငံရေးနှင့်စပ်လျဉ်း၍ စည်းရုံးခြင်း၊ ဆွေးနွေးခြင်း၊ ဟောပြောခြင်းနှင့် ပါဝင်ခြင်း။နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၁၀ (ဆ)

my_MMMY