ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ နည်းဥပဒေ၃၀
၃၀။ အဖွဲ့သည် အောက်ပါသင်တန်းများကို ဖွင့်လှစ်ရမည် –
- (က) အထူးမွမ်းမံသင်တန်းများ
- (၁) ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက အခါအားလျော်စွာ ညွှန်ကြားသော သင်တန်းများ၊
- (၂) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက အခါအားလျော်စွာ အဆိုပြုလာသော သင်တန်းများ။
- (ခ) ပုံမှန်သင်တန်းများ
- (၁) ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း၊
- (၂) အဆင့်မြင့်အရာထမ်းသင်တန်း၊
- (၃) အလယ်အလတ်အဆင့်အရာထမ်းသင်တန်း၊
- (၄) အရာထမ်းအခြေခံသင်တန်း၊
- (၅) အရာထမ်းလောင်း (အထူး) သင်တန်း၊
- (၆) အရာထမ်းငယ်သင်တန်း၊
- (၇) စာရေးဝန်ထမ်းကြီးကြပ်သင်တန်း၊
- (၈) စာရေးဝန်ထမ်းသင်တန်း။*၃၀-၁-၂၀၂၃ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။