ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ နည်းဥပဒေ၁၆
၁၆။ အဖွဲ့က ဖွဲ့စည်းသည့် လူတွေ့စစ်ဆေးရေးအဖွဲ့သည် အောက်ပါအရည်အချင်း များကို စစ်ဆေး၍ အကဲဖြတ်အမှတ်ပေးရမည် –
- (က) ရုပ်ပိုင်းဆိုင်ရာ ဥပဓိရုပ်ကောင်းမွန်မှု၊
- (ခ) ပြည်တွင်း၊ ပြည်ပဗဟုသုတရှိမှု၊
- (ဂ) တာဝန်ထမ်းဆောင်မည့်ရာထူးနှင့်သက်ဆိုင်သော လုပ်ငန်းဗဟုသုတရှိမှု၊
- (ဃ) သွက်လက်ပြတ်သားမှု၊
- (င) ထိုးထွင်းဉာဏ်ကောင်းမှု။