ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

၁။ တရားရုံးမှ ရုံးတက်/ရုံးဆင်း ထောင်ဒဏ်(၁) ရက်နှင့် ဒဏ်ငွေ (၃၀၀၀၀) ကျပ် ပေးဆောင်ရန် ချမှတ်ခြင်းခံရသဖြင့် လစာရပ်ဆိုင်းထားခဲ့ပြီး အဆိုပါ လစာရပ်ဆိုင်းထားခြင်းကို ပယ်ဖျက်၍ အလုပ် ပြန်လည်ဝင်ရောက်ခွင့်ပြုနိုင်ရေးကိစ္စ

ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စ

၁။         တရားရုံးမှ ရုံးတက်/ရုံးဆင်း ထောင်ဒဏ်() ရက်နှင့် ဒဏ်ငွေ (၃၀၀၀၀) ကျပ် ပေးဆောင်ရန် ချမှတ်ခြင်းခံရသဖြင့် လစာရပ်ဆိုင်းထားခဲ့ပြီး အဆိုပါ လစာရပ်ဆိုင်းထားခြင်းကို ပယ်ဖျက်၍ အလုပ် ပြန်လည်ဝင်ရောက်ခွင့်ပြုနိုင်ရေးကိစ္စ

             သက်ဆိုင်ရာဌာနအနေဖြင့် ဝန်ထမ်းအား ဝန်ထမ်းကျင့်ဝတ်ပျက်ယွင်းခြင်း၊ ဌာနဆိုင်ရာ စည်းကမ်းဖောက်ဖျက်ခြင်း၊ တာဝန်ပျက်ကွက်ခြင်းတို့ကြောင့်မဟုတ်ဘဲ တရားရုံး၏ ပြစ်ဒဏ်ချမှတ် ခံရခြင်းကို အကြောင်းပြု၍ လစာရပ်ဆိုင်းထားခြင်းဖြစ်ပါက ဝန်ထမ်းနစ်နာမှုမရှိစေရန် လစာရပ်ဆိုင်း ထားခြင်းကိုပယ်ဖျက်ပြီး အလုပ်ပြန်လည်ဝင်ရောက်ခွင့်ပြုနိုင်မည်ဖြစ်ပါသည်။ အကယ်၍ ဝန်ထမ်းအား တရားရုံး၏ ပြစ်ဒဏ်စီရင်ခံရသည့်အမှုကိစ္စသည် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၃၉၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ ၁၆၄၊ နည်းဥပဒေ ၁၆၉၊ နည်းဥပဒေခွဲ (က) တို့ပါပြဋ္ဌာန်းချက်များအရ ကျူးလွန်သည့်ပြစ်မှုနှင့် ချမှတ်သည့်ပြစ်ဒဏ်တို့ကို ထောက်ရှု၍ ထိုဝန်ထမ်းကို စီမံခန့်ခွဲရေးဆိုင်ရာ လိုအပ်ချက်အရ ဝန်ထမ်းဆိုင်ရာပြစ်ဒဏ်ချမှတ်မည်ဆိုပါက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဌာနဆိုင်ရာစစ်ဆေးမှုဖွင့်လှစ်၍ စစ်ဆေးပေါ်ပေါက် ချက်များအရ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၅၃ ပါ ပြစ်ဒဏ်များအနက် ထိုက်သင့်သည့်ပြစ်ဒဏ်ကို ချမှတ်နိုင်မည်ဖြစ်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

my_MMMY