ဝန်ထမ်းကျင့်ဝတ် အပိုဒ်(၅၇)
၅၇။ မိသားစုပင်စင်အကျိုးခံစားခွင့်ရှိသူသည် ဝန်ထမ်း၏ဇနီး သို့မဟုတ် ခင်ပွန်းမဟုတ်ဘဲ အခြားမိသားစုဝင်ဖြစ်ခဲ့လျှင် ဝန်ထမ်းသည် အငြိမ်းစား မယူမီကွယ်လွန်ပါက ကွယ်လွန်သည့်နေ့ရက်မှစ၍ ၁၅ နှစ်အထိ၊ အငြိမ်းစား ယူပြီးနောက်ကွယ်လွန်ပါက အငြိမ်းစားယူခဲ့သည့်နေ့၏ နောက်နေ့ရက်မှ စ၍ ၁၅ နှစ်အထိ အငြိမ်းစားယူလျှင်ရရှိမည့် ပင်စင်လစာ၏ ၁/၂ ကိုမိသားစုပင်စင်အဖြစ် ခံစားခွင့်ရှိသည်။၂နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ၂၅၀ (က) (၄)၊ (ခ) (၃)