ဝန်ထမ်းကျင့်ဝတ် အပိုဒ်(၂၀)
တာဝန်မှယာယီရပ်ဆိုင်းခြင်း
၂၀။ ဝန်ထမ်းကို ဌာနဆိုင်ရာအရေးယူရာတွင် ရှေးဦးစုံစမ်းမှုပြုလုပ်ခြင်း သို့မဟုတ် ဌာနဆိုင်ရာစစ်ဆေးမှုဖွင့်၍ စစ်ဆေးကြားနာခြင်းတို့ ဆောင်ရွက်နေစဉ် ယင်းဝန်ထမ်းအား တာဝန်မှယာယီရပ်ဆိုင်းထားနိုင်သည်။ တာဝန်မှယာယီရပ်ဆိုင်းထားသည့်ဝန်ထမ်းအားသတ်မှတ်ချက် များနှင့်အညီ စားစရိတ်ထောက်ပံ့ကြေးနှင့်အခြားရခွင့်ရှိသည့်စရိတ်ကြေးငွေများကို ခံစားခွင့်ပြုရမည်။၁နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၄၂